နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြ၀တီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်တိုက်ပွဲ စစ်ကောင်စီ ဘက်က (၁၁) ဦး သေဆုံး၊ ဒုရဲမှူးအပါအဝင် ရှစ်ဦးအရှင်ဖမ်းမိ

ကရင်ပြည်နယ် မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်တွင် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲသတင်းကို ကရင်အမျိုးသားအစည်း အရုံး(KNU) ဒူးပလာယာခရိုင်က မတ်(၂၈) ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီလို ထုတ်ပြန်ရာမှာ စစ်ကောင်စီတပ်မှ ၁၁ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က ၁၁ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုရဲမှူး၊တပ်ကြပ်ကြီး၊ တပ်ကြပ်အပါအဝင် ၈ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွင်းမှာ ပြည့်သူ့တော်လှန်ရေး တပ်ဖွဲ့များမှ ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဒရုန်း နှစ်စင်းဆုံးရှုံးခဲ့ရတယ်လို့အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြဝတီကုန်သွယ်ရေးဇုန် (ခလရ) ၂၇၅၊ လ (၈)၊ သင်္ကန်းညီနောင်ရဲစခန်း၊ သင်္ကန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၅ရက် မနက်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က နံနက် ၉နာရီမှစ၍ ၁နာရီကြာ ရဟတ်ယာဉ်ဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးများလည်း ပစ်ခတ်ခဲ့ရာ နံနက် မှ ည ၁၂ နာရီအထိ အကြိမ် ၅၀ထက် မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ထံမှ AK-Rifle (၇)လက်၊ AK စက်လက် (၁)လက်၊ G3-Rifle (၇)လက်၊ UZI 9mm (၁) လက် နှင့် ကျည်၊ ကျည်ဘောက်များကို သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်စဥ်အတွင်း အရပ်သား ပြည်သူ သေဆုံးမှုမရှိပဲ လက်နက်ကြီး ကြောင့် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အတွင်းမဲကနယ်၊ အပြင်မဲကနယ်နှင့် အပြင်မဲကနယ်မြို့သစ်များတွင် အရပ်သားပြည်သူလူထု အိပ်ခြေ ၃၀၀ကျော်မှ အရပ်သားပြည်သူ တစ်ထောင်ခန့်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း၊ အစား အသောက်နှင့် ဆေးဝါး အခက်အခဲပြသနာများ ရှိနေကြောင်း ဒူးပလားခရိုင်က အသိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ