မကွေးတိုင်း စလင်းမြို့နယ် ကင်မွန်းချုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုအထိနာခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား၂၀၀ကျော်ရှိပြီး မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်း-စလင်း၊ ဆောတပ်ရင်း(၃)၊ ပွင့်ဖြူပကဖ၊ မင်းဘူး(ပကဖ)၊ စေတုတ္တရာ တပ်ရင်း-၃ တို့ပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီက ကင်မွန်းချုံရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ပြည်သူ ၃၀၀ ကျော်ကို မဟာမိတ်တပ်ဖွဲ့ တွေကဘေးလွတ်ရာ ကို ရွှေ့ပြောင်းပေးခဲ့ရတယ် လို့သိရပါတယ်။