မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရဲစခန်း ဒရုန်းနဲ့ ပစ်ခတ်ခံရပြီး စခန်းမီးလောင်ပျက်စီးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ထားပါတယ်။
ကင်မွန်းချောင်းနယ်မြေရဲစခန်း တ်ုက်ခိုက်မှုကို KNLA, PDF, PPDF-KD, KRF TPDF, ဘီးလင်း (ပကဖ) နဲ့ ကျိုက်ထို (ပကဖ) တို့ ပူးပေါင်းကာ ဧပြီလ (၂၇) ရက်နေ့က တိုက်ခိုက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဧပြီလ (၂၇) ရက်နေ့ ညနေ (၄) နာရီခွဲလောက်ကစပြီး ဗုံးသီး (၁၀) လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များအနေနဲ့ကတော့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
Era’sEyes | ဓာတ်ပုံ။ KIT – ဓာတ်ပုံစာ။ ကင်မွန်းချောင်းရဲစခန်းဝင်းအတွင်း မီးလောင်နေသည်ကို တွေ့ရစဉ်။
Edited: Grace H.