နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့အကြား တိုက်ပွဲဖြစ်ပွား

အင်းတော်မြို့အနောက်ဘက် (၈) မိုင် အကွာမှာရှိတဲ့ မော်တိတ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ရက်အတွင်း တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီဘက်မှာလည်း ၈ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အထိနာနေတဲ့အတွက် အင်းတော် စစ်တပ်ကုန်းဘက်က လက်နက်ကြီးပစ်ကူများ ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အင်အား (၆၀) ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ မော်တိတ်ရွာထဲမှာ ရှိနေပြီး မော်တိတ်ဒေသရှိ မော်တိတ်၊ ရွာသာယာ၊အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်စင်-ကျွန်းတော စတဲ့ ကျေးရွာတွေက ပြည်သူ ခြောက်ထောင်ကျော်လောက် ဘေးလွတ်ရာမှာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

Source: Indaw Revolution

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 19 Views
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ထပ်မံကြေညာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 21 Views
အောက်တိုဘာလ (၁)ရက်။ စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မောင်တောမှာ ARSA က သတ်ဖြတ်ထားတဲ့ ရွာသား(၆)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 18 Views
အောက်တိုဘာလ (၁)ရက်။ ‌စက်တင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီအချိန်ခန့်က မောင်တောမြို့ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက်ရှိ ငှက်ပျောတောအုပ်ထဲမှာ ရုပ်အလောင်း (၆)လောင်းကို တွေ့ရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငှက်ပျောတောအုပ်ထဲ ရုပ်အလောင်းတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေး တိုးမြှင့်ပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 17 Views
အောက်တိုဘာလ (၁)ရက်။ အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအပါအဝင် နေ့စားဝန်ထမ်းတွေကို အခုလကစပြီး အပိုထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့
မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 51 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကျောက်မဲမြို့ထဲကို စကစက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ကြဲချ‌တိုက်ခိုက်နေတာ၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးတာတွေရှိတယ်။
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 48 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ
မြန်မာသတင်း

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 50 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်တိုင်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗဟန်းရဲစခန်းကို အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့