ဒီကနေ့ ဩဂုတ်လ (၂၉)ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးသပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီထွန်တုံးသပိတ် လှုပ်ရှားမှုကို ဒေသခံ ကောက်စိုက်၊ လယ်ထွန်တောင်သူတွေက စုပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။




သပိတ်လှုပ်ရှားမှုမှာ ဒေသခံတောင်သူတွေက “ ပြည်သူတင်တဲ့အစိုးရ ဒို့အစိုးရ၊ NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်” လို့ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အခုချိန်မှာ ခင်ဦးနယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပါအ၀င် ဖမ်းဆီးနှိပ်ဆက်တာတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Eraseye\news