နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိတ္ထီလာဗဟိုဈေးမှာ စစ်ကောင်စီက တန်းစီသက်သာဈေးဆိုင်တွေ စတင်ရောင်းချ

အရင် စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာ ဖွင့်လှစ်ရောင်းချလေ့ရှိတဲ့ တန်းစီဝယ်ယူရတဲ့ သက်သာဈေး အရောင်းဆိုင်တွေကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်မှာ ဒီနေ့ စတင်ရောင်းချပေးခဲ့တယ်လို့ မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီလက်အောက်ခံ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဩဂုတ်လ (၂၉) ရက် ဒီနေ့မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဈေးဆိုင်တွေမှာ စစ်ကောင်စီက လူတဦးကို ဧည့်မထဆန် တပြည် ၂၅၀၀ ကျပ်နဲ့ (၂) ပြည် ဝယ်ယူနိုင်သလို စားသုံးဆီ တပိဿာကို ၄၆၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခြား စားသောက်ကုန်တွေကိုလည်း သတ်မှတ်အရေအတွက်အလိုက် ကန့်သတ်ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတန်းစီဝယ်ယူရတဲ့ သက်သာဆိုင်မှာ ဆန်နဲ့ဆီက ပြင်ပပေါက်ဈေးထက် ထက်ဝက်ခန့် ဈေးသက်သာပေမယ့် အိမ်ထောင်စုတစ်ခုအတွက် တပတ်စာပြည့်အောင်ပင် ဝယ်ယူလို့ရတာမျိုး မဟုတ်သလို ကြက်ဥ၊ ဘဲဥ ဈေးနူန်းမှာလည်း ပြင်ပပေါက်ဈေးထက် ၅၀ ကျပ်ခန့်သာကွာခြားပြီး လိုသလောက် ဝယ်ယူလို့ မရနိုင်တာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်မရောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်တွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 19 Views
အောက်တိုဘာလ (၃၀)ရက်။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်လက်ထဲ ပြန်မရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA
မြန်မာသတင်း

လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 17 Views
အောက်တိုဘာလ (၃၀)ရက်။ လောင်းလုံမြို့ရှိ စစ်တပ်လက်အောက်ခံ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 16 Views
အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်က ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါင်းတည်မြို့ ဝဲကြီးဆည်က စကမစစ်ဆေးရေးဂိတ်ကို
မြန်မာသတင်း

အာဆီယံအထူးသံတမန်ကို အကျဉ်းကျသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 42 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်တွေမှာ အကျဉ်းကျသူတွေနဲ့တော့ တွေ့ဆုံခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လာတိုင်း ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့
မြန်မာသတင်း

ဒါရိုက်တာမိုက်တီးအပါအဝင် (၃)ဦးကို ရွေးကောက်ပွဲ နှောက်ယှက်တာကြောင့်ဆိုပြီး စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 24 Views
အောက်တိုဘာလ (၃၀)ရက်။ ဒါရိုက်တာမိုက်တီးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ သူတို့ (၃)ဦးကို အောက်တိုဘာလ (၂၇)ရက်နေ့က နေအိမ်အသီးသီးကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 49 Views
အောက်တိုဘာလ (၂၉)ရက်။ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ စတင်စုဖွဲ့ချိန် ၂၀၂၁ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုးနိုင်ဖို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်နေတယ်လို့
မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 48 Views
အောက်တိုဘာလ (၂၉)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ည (၁၂)ကျော်လောက်မှာ ‌စစ်ကိုင်း ကျောက်မြောင်းနဲ့ မန္တလေး စဉ့်ကူးမြို့ကို ဆက်ထားတဲ့
မြန်မာသတင်း

ကူးမင်းဆွေးနွေးပွဲမှာ စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 45 Views
အောက်တိုဘာလ (၂၉)ရက်။ အောက်တိုဘာလ (၂၇)ရက်နဲ့ (၂၈)ရက်နေ့က တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၂)ရက်တာတွေ့ဆုံပွဲမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်တာကြောင့်