နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး​လေးဦးအား ဖမ်းဆီးရမိဟု NUG ပြည်ထဲရေး ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ(၂၉)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


စစ်ကောင်စီသတင်းပေး တရားခံများဖြစ်သည့် အသက် ၅၃ နှစ်အရွယ် သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဦးချို၊ အသက် ၃၆ နှစ်အရွယ် ဖော်မင်း၊ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်းတို့အား ဖမ်းဆီးရမိထားပြီး ၎င်းတို့အား စစ်ဆေးချက်အရ ပျူခေါင်းဆောင် ဥူးဝါသဝနဲ့ စစ်ကောင်စီ သတင်းပေး ဒေါ်နွဲ့ယဉ်တို့လည်း ပါဝင်တယ်လို့သိရပါတယ်။


တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ အကူအညီနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ပျူ​စောထီးခေါင်းဆောင်ဥူးဝါသဝနဲ့ စကစ သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ (၂) ဦးအားလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ဖော်ပြထားပါတယ်။


ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးရွာတွင် အရပ်သားများနဲ့ အခြေပြုဖွဲ့စည်းထားတဲ့ ကျေးရွာပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဒေသတွင်းကျေးရွာများက ရွာသူရွာသားများကို ဖိတ်ကြား၍ ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ်၊ အာကာသိမ်း စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်အောက်ခံလေတပ်မှ Yak-130 တိုက်လေယာဉ်၊ Mi35တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အရပ်သားပြည်သူများကို ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ ရော့ကတ်များနဲ့ ပစ်ခတ်တဲ့အတွက် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။


အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ (၁၆၈) ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၁၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့​ကြောင်း NUG က ထုတ်ပြန်ထားပါတယ်။
Era’sEye
မူရင်းဓာတ်ပုံ။ NUG/ဓာတ်ပုံစာ။ ပဇီကြီးရွာလေ​ကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီကို သတင်း​ပေးခဲ့သည်ဆို​သူ လေးဦးကို NUG က ထုတ်ပြန်ထားမှု။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 24 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

မကွေးမှာ အခုနှစ်ကုန်ကစပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၇)ရက်။ မကွေးဒေသထဲ အခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၆ခုနှစ်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ မကွေးဖက်ရယ်ယူနစ်လွှတ်တော်မှာ
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၇)ရက်။ တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့
မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 28 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ရန်ကုန်ရှိ ကိုကိုကျွန်းကလွဲပြီး မြို့နယ် (၄၄)မြို့မှာ နံနက်
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။ “ ဒီကနေ့ အစောပိုင်း (၆)နာရီလောက်ကထဲက ဟားခါးမြို့အနီးက နေရာ (၃)ခုလောက်မှာ တိုက်ပွဲပြင်းထန်နေတာ။
မြန်မာသတင်း

ရန်ကုန်ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲသူဆိုပြီး သားအမိ(၂)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 29 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ မိုင်းဖောက်ခွဲသူတွေဟာ တောင်ဒဂုံမြို့နယ် (၁၀၅)ရပ်ကွက်နေ (၃၇)နှစ်အရွယ် မကြည်ကြည်ရွှေနဲ့ သားဖြစ်သူ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ မြို့နယ်တွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 27 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ ပါဝင်တဲ့ မြို့နယ်တွေစာရင်းကို စစ်တပ်က ‌မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြို့နယ် (၆၃)မြို့ ပါဝင်တယ်လို့ ဆိုပါတယ်။