နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်မှာ သစ်ခိုးထုတ်တဲ့ စစ်တပ်ကင်းထောက်အဖွဲ့နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ မိနစ် (၃၀) ကြာ တိုက်ပွဲဖြစ်ပွားခဲ့

ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းကနေ ပြည်သူပိုင်သစ်တွေကို ခိုးထုတ်နေတဲ့ စစ်တပ်ရဲ့ ရှေ့ပြေးကင်းထောက််အဖွဲ့နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား မိနစ် (၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KLG တပ်မဟာ(ကျောက်လုံးကြီး)ရဲ့ ဒီကနေ့ ဩဂုတ်လ (၃၀)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၉)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်က သစ်ကွင်းအနီးမှာရှိတဲ့ ပြည်သူပိုင်နေအိမ်အတွင်းကနေ ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်တပ်ရဲ့ (၃၅)ဦးခန့်ပါ ရှေ့ပြေးကင်းထောက်အဖွဲ့ကို တော်လှန်ရေးတပ်ပေါင်းစုက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ (၁၅)မိနစ်ခန့်ကြာလာတဲ့အခါ စစ်တပ်ဘက်က (၇)ဦး သေဆုံးကာ (၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MA(11) တစ်လက်အပါအဝင် ကျည်ဘောက်(၃)ဘောက်၊ ကျည်ကာ(၂)ခု၊ လက်ကိုင်ဖုန်း (၃)လုံး၊ ဘေးလွယ်အိတ် (၁)လုံး၊ လက်ကိုင်ပိုက်ဆံအိတ် (၁)ခု၊ မြန်မာကျပ်ငွေအချို့နဲ့ ထိုင်းဘတ်ငွေ (၅၀)အပြင် ခိုးရာပါ ရွှေထည်ပစ္စည်းအနည်းငယ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း တပ်ပေါင်းစုရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အဲ့ဒီမစ်ရှင်ကို ULF(တပ်ပေါင်းစု)က စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ကာ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း၊ Alpha စစ်ကြောင်းနဲ့အတူ ဒေသမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ B 21 PDF(တပ်ရင်း ၁၇)၊ PDA (တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ နဲ့ သေမင်းတမန် LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဩဂုတ်လ (၂၈)ရက်နေ့ကလည်း သံဘိုကျေးရွာမှာ ကွမ်းရွက်ခူးနေတဲ့ အမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Eraseye\news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 11 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 10 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 8 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 16 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို
မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နဲ့ ပုလဲမြို့နယ်
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသလို KNU က ချမှတ်ထားတဲ့