တရုတ် – မြန်မာနယ်စပ်၊ မူဆယ်နဲ့ နမ့်ခမ်း ကြားက ဇယ်လန့်ရွာမှာ မနေ့ညပိုင်းက စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဇယ်လန့်ရွာက နေအိမ် တစစ်လုံး လက်နက်ကြီး ထိမှန် မီးလောင်ကာ လူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇယ်လန့်ရွာသာမက နမ္ပတီးရွာဘက်ကိုလည်း လက်နက်ကြီး (၃) လုံးကျကာ အိမ်ခေါင်မိုးကို လက်နက်ကြီး ကျည်စထိမှန်ထားတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးဒဏ်ကြောင့် အိမ်တစ်လုံး မီးလောင် ပြာကျပြီး အိမ်၀န်းအတွင်းရှိ ကားတစ်စီး၊ ထွန်စက် တစ်စီး၊ ထော်လာဂျီတစ်စီး၊ စပါးတွေနဲ့ တရုတ်ငွေ ၃ သောင်းကျော်ခန့် ပါသွားတယ်လို့ သိရပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဩဂုတ်လ (၂၉) ရက်နေ့က စစ်ကောင်စီနဲ့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီကျော်က လွယ်တေးမိန်းတောင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး ၈ လို့ကြဲသွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။