စစ်ကိုင်းတိုင်း၊မောင်းထောင်ကျေးရွာက ပြည်သူ၆ဦးကို စစ်ကောင်စီ တပ်မ (၃၃) က ဖမ်ဆီးခဲ့ပြီး PDF အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ပြီး မူးမြစ်ထဲကို အလောင်းစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ရုပ်အလောင်းနှစ် လောင်းကို ညောင်ပင်ဝန်း တံတားအောက်တွေ့ရှိခဲ့ပြီး အလောင်း ကောက်ဖို့ကြိုးစားနေကြပြီး ကျန်နှစ်ဦးရဲ့ ရုပ်အလောင်းကို တော့ မူးမြစ် ရေတိုးနေတဲ့အတွက် ရှာရတာ အခက်အခဲရှိနေပြီး ရှာမတွေ့သေးဘူးလို့သိရပါတယ်။
မောင်းထောင်းရွာမှာ မန္တလေး -ရွာ လမ်းမကြီးနဲ့ တစ်မိုင်သာကာဝေးပြီး မောင်းထောင်ကျေးရွာနဲ့ အစုလိုက်ပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့တာတိုင် ကျေးရွာမှာလည်း သုံးမိုင်ခန့်သာကွာဝေးတယ်လို့သိရပါတယ်။