မတ်လ (၁)ရက်။
ဖေဖော်ဝါရီလ (၂၉)ရက်နေ့ နံနက်(၉)နာရီ (၂၅)မိနစ်က နေပြည်တော်၊ တပ်ကုန်းမြို့ရှိ စစ်ကောင်စီရဲ့ ညောင်ပတ်ရဲကင်းကို မီးရှို့ခဲ့တယ်လို့ အဖိနှိပ်ပြည်သူ့တော်လှန်ရေးအင်အားစု(OPRF-PLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီရဲကင်းဟာ ၂၀၂၃ခုနှစ် နှစ်လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ (၄) လကျော်ကြာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့တဲ့ ရဲကင်းစခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ အဲ့ဒီရဲကင်းစခန်းထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်တာ မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။
ရဲကင်းစခန်း မီးရှို့ခံရတဲ့နေ့ အစောပိုင်းမှာ ညောင်ပတ်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေ ကား(၆)စီး အင်အားပြည့်နဲ့ ရောက်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ညဦးပိုင်းအချိန်မှာလဲ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်တင်းဖို့ ကြိုးစားနေတယ်လို့ OPRF-PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။