ဇူလိုင်လ (၁)ရက်။
အခု (၆)လတာကာလထဲ KNDO နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၉၆)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
(၆)လတာကာလထဲ KNDO နဲ့ စစ်ကောင်စီတပ်တို့ဟာ နတ်သံကွင်း၊ ကျောက်ကြီးနဲ့ မူသယ်ကနေ တပ်မဟာ(၅)နယ်စပ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၂၇၃)ဦးသေဆုံးပြီး (၁၅၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်က ရိက္ခာပို့တာမှာ အသုံးပြုတဲ့ မြင်း (၆၂)ကောင်သေဆုံးခဲ့ပြီး အကောင် (၄၀) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်သုံးကား (၃)စီးနဲ့ ဆိုင်ကယ် (၇)စီးတို့လဲ ထိခိုက်ပျက်စီးခဲ့ရကာ MA-1 (၁)လက် ၊ MA ကျည် (၁၂၀၀)တောင့်၊ M-14 (၅)လုံး၊ 60 MM (၆)လုံးနဲ့ မြင်း (၃)ကောင်ကို KNDO က သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
(၆)လတာတိုက်ပွဲကာလထဲ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဘက်က တပ်ဖွဲ့ဝင် (၄)ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။