နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

စစ်ရေးသတင်း

စစ်ရေးသတင်း မြန်မာသတင်း

မြင်းခြုံမြို့နယ်က ညောင်တိုပျူစောထီးပူးပေါင်းစခန်းကို တော်လှန်ရေးမဟာမိတ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ဇန်နဝါရီလ (၂)ရက်။

မြင်းခြုံမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းအထိုင်ချနေထိုင်တဲ့ ညောင်တိုစခန်းကို တော်လှန်ရေးမဟာမိတ်တွေ ဒီဇင်ဘာ (၃၀)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း(၆)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အင်အားအများအပြားနဲ့ အထိုင်ချနေထိုင်တဲ့ ညောင်တိုစခန်းသိမ်းတိုက်ပွဲဟာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီနဲ့ပျူစောထီးဘက်က (၁၂)ဦးသေဆုံးခဲ့ကာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်က ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ညောင်တိုရွာကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကာ ဘန်ကာတွေကိုလည်း ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ညောင်တိုရွာနဲ့ ကပ်လျက်ရှိတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့လမ်းပေါ်က ဆင်ချောင်းကျေးရွာကိုလဲ နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်ကာ ရွာထဲက စစ်ကောင်စီအထိုင် ဘန်ကာတွေကို ဖြိုချဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ကျေးရွာထဲ ရှင်းလင်းရေးပြုလုပ်နေချိန် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေက တလုတ်မြို့နဲ့ အနိမ့်ရွာက စစ်ကောင်စီတပ်တွေနဲ့ အင်အားပူးပေါင်းပြီး စစ်ကြောင်းပြန်ထိုးလာတာကြောင့် မဟာမိတ်အဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရကာ စစ်ကောင်စီစစ်‌ကြောင်းဟာ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Thein14:00

ညောင်တိုစစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန် တစ်ပြိုင်ထဲမှာပဲ မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်ရှိ ကျားတိုင်းရွာက စစ်ကောင်စီတွေအထိုင်ချထားတဲ့ စခန်းကိုလည်း လက်နက်ငယ်တွေနဲ့ အလစ်ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၂)ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ တောပုရွာရှိ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ စခန်းကို Drone နဲ့ ဗုံးသီး (၇)လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးဆေသုံးခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့ပေမယ့် မဟာမိတ်အဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးတွေကို မြင်းခြံခရိုင်တပ်ရင်း အမှတ် (၂)/(၁)/(၃)၊ စစ်ကိုင်းခရိုင်အမှတ် (၆)တပ်ရင်း၊ အမှတ် (၃)တပ်ခွဲ၊ မြင်းခြံမြို့နယ်ပကဖ၊ ငါန်းဇွန်မြို့နယ်ပကဖ၊ မြောင်မြို့နယ်ပလဖ၊ CDSOM 001 ဒရုန်းအဖွဲ့၊ Burmese Guerrilla Force၊ မန္တလေးခရိုင်အမှတ် (၃)တပ်ရင်း၊မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း၊ မန္တလေးခရိုင်အမှတ် (၆)တပ်ရင်း၊ ညောင်ဦးခရိုင်အမှတ် (၁)တပ်ရင်း၊ MGN 35၊ Thway Thauk Revolution Force၊ FFGF (Myingyan)၊ Anyar Fedral Task Force AFTF၊ LACR (Myingyan)၊ 8stars (Myingyan)၊ Wolf Brothers PDF၊ MP9၊ MS9 Brothers၊ ကျေးရွာတပ်ပေါင်းစု မြောင်နဲ့ အခြားမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 13 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 30 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 36 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 34 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်