နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တအာင်းဒေသထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးပြီး (၇၀)ဦး ဒဏ်ရာရခဲ့

ဒီဇင်ဘာလ (၂)ရက်။

နိုဝင်ဘာလထဲ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တအာင်းဒေသက TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကာ အရပ်သားဒေသခံတွေ ထိခိုက်သေဆုံးနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လထဲ စစ်ကောင်စီဟာ နောင်ချို၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းငေ့ါနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့ကို ပေါင်(၅၀၀)နဲ့ ပေါင်(၃၀၀)ဗုံးတွေအပါအဝင် ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာတွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးခဲ့တာဟာ နောင်ချိုမြို့မှာ (၁၆)ဦး၊ မိုးကုတ်မြို့မှာ (၉)ဦး၊ ကွတ်ခိုင်မြို့မှာ (၃)ဦးနဲ့ ကျောက်မဲမြို့မှာ (၁၀)ဦးတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ဦးထဲမှာ ရဟန်းသံဃာတွေနဲ့ ကလေးငယ်တွေလဲ ပါဝင်ကာ အရပ်သားပြည်သူနေအိမ် (၅၇)လုံးနဲ့ ကား (၈)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

TNLA အနေနဲ့ စစ်ရေးတင်းမာ‌တာတွေကို တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် တအာင်းဒေသထဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာအရှေ့ခြမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးပြီး တစ်ဦးဖမ်းမိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဒေသဝမ်းစာဖူလုံဖို့ အစိုးရဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ ဒေသဝမ်းစာဖူလုံဖို့ အစိုးရက ဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဆောင်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မိုးထိမိုးမိဒေသထဲ တရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 6 Views
ဒီဇသ်ဘာလ (၅)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့က ရမည်းသင်းမြို့၊ မိုးထိမိုးမိဒေသမှာ တရားမဝင် ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးရှိ ဘက်ဟိုးတောင်ကုန်းပေါ်မှာ တရားမဝင် ရွှေတူးဖော်သူတွေရှိတယ်ဆိုတဲ့ သတင်းရရှိတာကြောင့်
မြန်မာသတင်း

စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်ထဲနေနေကြသူတွေ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်လို့ NUG ဝန်ကြီးချုပ် သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်နေကြတဲ့ စစ်တပ်ထဲက တပ်မတော်သားတွေအနေနဲ့ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ထဲက တပ်မတော်သားတွေအကုန်လုံး စစ်ရာဇဝတ်တရားခံနဲ့အတူ ရှေ့ဆက်မလား၊ မိမိမိသားစု၊ မိမိနိုင်ငံအတွက်
1027 Operations မြန်မာသတင်း

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ MNDAA ထက်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ MNDAA အနေနဲ့ နိုင်ငံသစ်တည်ထောင်တာကို ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကိုသာ တောင်းဆိုတာဖြစ်ပြီး အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲဖို့ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားတာကြောင့် ဖမ်းဆီးခံရသူ (၁၈၀၀)ကျော်ရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
ဒီဇင်ဘာလ (၃)ရက်။ (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀)ဦးရှိတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးအင်အားစုတွေကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 5 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နံနက်(၃)နာရီကျော်လောက် လေကြောင်းကနေ ဗုံး(၄၀)နီးပါး အဆက်မပြတ်ကြဲသွားတာ။ အရပ်သား
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)လမ်းမကြီးမှာ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 4 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်‌အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်လောက် စုံနံ့သာရွာကို ဖြတ်သွားတဲ့