နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ CDM တပ်သားတစ်ဦး ကျဆုံးခဲ့

ဒီဇင်ဘာလ (၂)ရက်။

နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သူဟာ အင်းစိန်ထောင်ကို ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနဲ့ အဆုတ်ရေဝိုင်းရောဂါတွေကို ခံစားခဲ့ရပြီး ‌(၆)လအကြာမှာ ရောဂါပြင်းထန်လာကာ အခုလို ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ကိုပြည့်စုံဦးဟာ စစ်အုပ်စု အာဏာသိမ်းချိန် CDM တပ်သားအနေနဲ့ ၂၀၂၁ခုနှစ် မတ်လပိုင်းမှာ ပြည်သူ့ဘက် ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကာ ၂၀၂၂ခုနှစ် ဩဂုတ်လပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ကို စစ်ကောင်စီရဲ့ သန်လျင်ရေတပ်က တပ်ပြေးပုဒ်မအပါအဝင် အခြားပုဒ်မတွေဖြစ်တဲ့ တပ်မတော်အက်ဥပဒေပုဒ်မ(၃၇)၊(၃၂)တို့နဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလမှာ သေ‌ဒဏ်အမိန်ချပြီး အင်းစိန်ထောင်ကို ပို့ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် (၁၁)လတာကာလထဲ အကျဉ်းထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရတာကြောင့်  နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ PPNM က ပြောဆိုထားပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်တာ မပေးတာက အကျဉ်းဦးစီးဌာနအနေနဲ့ တဖက်လက်နဲ့ အသက်တွေကို သေအောင် ပိတ်ဆို့တားဆီး သတ်ဖြတ်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 6 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 5 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 4 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 1 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ
မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 15 Views
မေလ (၈)ရက်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်ဝင်းဝင်းအောင်ဟာ စစ်ကောင်စီရဲ့ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ မန္တလေး နိုင်ငံခြားရေးဘာသာတက္ကသိုလ်က
မြန်မာသတင်း

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြ

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 47 Views
မေလ (၈)ရက်။ မနေ့က ကျောင်းသားတပ်မတော်(ABSDF)နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ အွန်လိုင်းကနေတဆင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျောင်းသားတပ်မတော်(ABSDF)က ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF က ဗဟိုကော်မတီတွေ
မြန်မာသတင်း

PDF တပ်ရင်းထောက်ပံ့စရိတ်အနေနဲ့ ကန်ဒေါ်လာ (၂၄)သန်းကျော် ပေးပို့ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 24 Views
မေလ (၈)ရက်။ PDF တပ်ရင်း ထောက်ပံ့စရိတ်အနေနဲ့ စုစုပေါင်း ခန့်မှန် အမေရိကန်ဒေါ်လာ (၂၄.၉)သန်းခန့် ပေးပို့ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မနေ့ကအထိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ