နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးဆေးရုံကထွက်လာတဲ့ စစ်ကောင်စီဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတို့ ပစ်ခတ်ရှင်းလင်းခံရ

ဇွန်လ (၃)ရက်။

ဒီကနေ့ နံနက်(၁၀)နာရီဝန်းကျင်ခန့်က ခင်ဦးမြို့မဆေးရုံက ထွက်လာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတို့ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ခင်ဦးမြို့မဆေးရုံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတို့ဟာ ဆိုင်ကယ်နဲ့ ဆေးရုံအပြင်ကို ထွက်လာတဲ့အချိန် ပစ်ခတ်ရှင်းလင်းခံရတာလို့ ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတို့ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး သူတို့ဆီကနေ MA1 တစ်လက်၊ ဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင်အပါအဝင် အခန်းသော့နဲ့ လက်နက်ဂိုထောင်သော့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့သူတွေဟာ ဗိုလ်ကြီး ချမ်းငြိမ်းကို ထပရ-၃၂၄၊ ကသ(၇)နဲ့ ပြည်တော်သာ တပ-၇၃၂၃၊ မင်္ဂလာဒုံတပ်က တပ်သား လှိုင်မြင့်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာကို ခင်ဦးမြို့နယ်-ပကဖ တိုက်နယ်အမှတ်(၃)ခေါင်းဆောင်တဲ့ Red Kite Force အဖွဲ့၊ Future Hero အဖွဲ့၊ တိုက်နယ်(၁)က မိုက်ခဲ ဇွတ်ကြီးအဖွဲ့၊ ခင်ဦး UG ဌာနေ(၁)အဖွဲ့နဲ့ တကိုယ်တော်ကျွဲကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ငူခရိုင်ထဲ ရေကြီးတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၅၀၀၀၀)နီးပါး ရေဘေးသင့်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 4 Views
စက်တင်ဘာလ (၂၂)ရက်။ တောင်ငူခရိုင်ထဲ ရေကြီးရေလျှံတာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၄၈၅၀၀)ဦး ရေဘေးသင့်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန်မှာ တော်လှန်ရဲဘော် (၄)ဦး ဖမ်းဆီးခံရပြီး စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်တာခံနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 3 Views
စက်တင်ဘာလ (၂၂)ရက်။ ရန်ကုန်မှာ တော်လှန်ရေးရဲဘော် (၄)ဦး စစ်တပ်ရဲ့ ဖမ်းဆီးတာကိုခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 8 Views
စက်တင်ဘာလ (၂၂)ရက်။ မနေ့က ညပိုင်းအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီ (၁၅)မိနစ်နဲ့ (၁၇)မိနစ်တို့မှာ
မြန်မာသတင်း

စစ်အသုံးစရိတ် နှစ်စဉ် ဘီလီလျံချီသုံးနေတဲ့ စစ်ခေါင်းဆောင်က ငွေကို သုံးချင်တိုင်းသုံးမရဘူးလို့ဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 8 Views
စက်တင်ဘာလ (၂၂)ရက်။ ပြည်တွင်းပဋိပက္ခတွေမှာ စစ်အသုံးစရိတ်ကို နှစ်စဉ် ဘီလီလျံနဲ့ချီပြီး သုံးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငွေကို သုံးချင်တိုင်း သုံးမရဘူးလို့ မနေ့က ရေဘေးအတွက် အလှူငွေတွေ လက်ခံတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြန်မာမှာ ရုတ်တရက်ရေကြီးတာကြောင့် ရေဘေးသင့်သူ (၉)သိန်းနီးပါးရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 13 Views
စက်တင်ဘာလ (၂၁)ရက်။ မြန်မာနိုင်ငံထဲ ရုတ်တရက် ရေကြီးတာကြောင့် နေရပ်စွန့်ခွာသူတွေအပါအ၀င် ရေဘေးသင့်သူဦးရေ (၈၈၇၀၀၀)ခန့်ရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေကြီးတာဖြစ်ပွားခဲ့ပြီး (၁၀)ရက်အကြာမှာ ပဲခူး၊ ကယား၊ မကွေး၊
မြန်မာသတင်း

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 14 Views
စက်တင်ဘာလ (၂၁)ရက်။ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ကာ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပေးပို့တဲ့သ၀ဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဘေးဒုက္ခပေါင်းစုံကို ပြည်သူတွေက ခါးစည်းခံစားနေရကာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ မြို့မဈေးအပါအ၀င် (၃)နေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ ဆိုင်ခန်းအချို့ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 11 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နောင်ချိုမြို့နယ်ထဲရှိ နေရာ (၃)နေရာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ
မြန်မာသတင်း

ဖားကန့်မြို့မှာ စစ်ရေးတင်းမာနေတာ‌ကြောင့် ဒေသခံအများအပြား မြို့ကိုစွန့်ခွာနေကြပြီး တိတ်ဆိတ်ခြောက်ကပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 9 Views
စက်တင်ဘာလ (၂၁)ရက်။ အခုရက်ပိုင်းထဲ ဖားကန့်မြို့မှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံအများအပြား မြို့ကို စွန့်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့ကစပြီး မြို့နေလူထုက မြို့ကို စွန့်ခွာနေကြပါတယ်။ တချို့တော့