နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့က ဒုံးတပ်စခန်း(၆၀၆)မကျဖို့ စစ်‌ကောင်စီက အင်အားပြန်ဖြည့်ကာ လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပစ်ကူနေရ

ဇူလိုင်လ (၃)ရက်။

နောင်ချိုမြို့က ဒုံးတပ်ရင်း(၆၀၆)မကျစေဖို့ စစ်ကောင်စီဘက်က အင်အားပြန်ဖြည့်တာအပါအ၀င် လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ ပစ်ကူနေရတယ်လို့ TNLA ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။

နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ ဒုံးတပ်ရင်း(၆၀၆)တပ်စခန်းမှာ မနေ့က နံနက်(၁၀)နာရီကနေ ညနေ (၄)နာရီအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဘန့်ဘွေးရွာကနေ လက်နက်ကြီး(၁၆)လုံး ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးတပ်စခန်းတိုက်ပွဲကို စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ပစ်ကူတာတွေရှိခဲ့ကာ အင်အား(၅၀)ခန့်ကိုလဲ ပြန်လည်ဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုတိုက်ပွဲထဲ TNLA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၁၁၄)နဲ့ (၁၁၅)တို့က လက်ကျန်တပ်ဖွဲ့၀င်တွေဟာ ဒုံးတပ်စခန်းကို သွားရောက်ပူးပေါင်းခဲ့သလို တပ်မ (၉၉)လက်အောက်ခံ ခမရ(၃၀၁)၊ (၃၀၃)နဲ့ (၃၀၆)တို့ ပါ၀င်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဇူလိုင်လ (၁)ရက်နေ့မှာ စစ်ကောင်စီဘက်က (၆၀၆)ဒုံးတပ်စခန်းတိုက်ပွဲကို Jet Fighter(၅)စီး၊ Mi-35(၂)စီးနဲ့ Y12(၁)စီး ပစ်ကူပေးခဲ့သလို Y12(၁)စီးနဲ့ လက်နက်ခဲယမ်းတွေ ပို့ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မနေ့က နံနက်(၆)နာရီက ကျောက်မဲမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၀၁)နဲ့ (၅၀၂)တပ်စခန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ မိုးမိတ်မြို့ မကျီးပင်ဒေသတိုက်ပွဲထဲ စစ်ကောင်စီက (၁၂၀)မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၁)ရက်နေ့ကလဲ မိုးမိတ်မြို့တပ်စခန်းနဲ့ ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ညောင်နီနဲ့ သရက်ချိုရွာဘက်ကို (၁၂၀)မမနဲ့ (၄၅)မမ လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ