ဖေဖော်ဝါရီ (၄) ရက်။
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက်ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာခြောက်ရွာက ဘုန်ကြီးကျောင်း၊ စေတီနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းကနေ တိုက်ခိုက်ပမှုကြောင့် သင်တောကျေးရွာ၊ ဇော်ချောင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပင့်သာကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သင်တောရွာက ဘုန်းကြီးတစ်ပါး၊ ကပ္ပိယတစ်ဦး၊ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးတားတစ်ဦးနဲ့ ဘုန်းကြီးကျောင်းထဲမှာ ကစားနေတဲ့ ကလေးငယ်တွေလည်းပါဝင်ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ စစ်ဆင်ရေးအရှိန်မြှင့်ပြီး ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြနေကြပါတယ်။
ဓာတ်ပုံ။ ကန့်ဘလူမြို့နယ်မှ အပျက်အစီးများ
ကျွန်းလှတက်ကြွလှုပ်ရှားရေးအဖွဲ့