နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောက်ပိုင်းညီနောင် (၃) ဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ဘာတွေ ပေးလိုက်ရပါသလဲ။

မတ်လ (၄) ရက်။

မြောက်ပိုင်းညီနောင် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ မတ်လ (၁) ရက်နေ့ကနေ ပြီးခဲ့တဲ့ မတ်လ (၁) ရက်ကနေ မနေ့က မတ်လ (၃) ရက်အထိ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်ပြည်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲကနေ စစ်ကောင်စီဘက်ကတော့ MNDAA ကို တရားဝင်ကိုးကန့်အစိုးရအဖြစ် အသိမှတ်ပြုလိုက်ရတယ်လို့ သိရပါတယ်။

ညီနောင်သုံးဖွဲ့အနေနဲ့ ဘေဂျင်းရဲ့ အကျိုးစီးပွားကို မထိရဘူးလို့ စာချုပ်မှာပါတယ်လို့ ဆိုပါတယ်။

ချင်းရွှေဟော်မှာ စုပေါင်းရုံးထိုင်ပြီး စစ်ကောင်စီက ဝင်မရတော့အတွက် ဒကစလောက်ကိုင်ကို ဖျက်သိမ်းလိုက်ရတယ်ဆိုတော့ စစ်ကောင်စီရဲ့ အချုပ်အခြာ အာဏာ ဆုံးသွားပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။

MNDAA ဟာ “ ဝ” နဲ့ အဆင့်တန်းတူသွားပါပြီလို့ ကိုးကန့်အစိုးရ ဖြစ်သွားပြီပေါ့လို့ ထပ်လောင်းပြောဆိုနေကြပါတယ်။ ရခိုင်ကိုလည်း ဘေဂျင်းက ထပ်လုပ်လာပါလိမ့်မယ် စောင့်ကြည့်ကြရမှာပေါ့လို့လည်း ပြောဆိုနေကြပါတယ်။

TNLAနဲ့ AA ထိန်းချုပ်ရာဒေသတွေမှာ ဖြတ်သန်းအခွန်တွေအတွက်တော့ မဆွေးနွေးရသေးရဘူးလို့ သိရပါတယ်။

မူဆယ်မြို့ကိုတော့ စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်ဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပြီး ဒီနေ့မနက်အထိ စစ်ကောင်စီဘက်က လေယာဉ်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့ ရခိုင်ပြည်ထဲရောက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 23 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 30 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊