နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်အောင် ပြုလုပ်နေတယ်ဆိုပြီး စစ်ကောင်စီ လုပ်ငန်းရှင် ၁၄ ဦးကို ဖမ်းဆီး

ဇွန်လ (၃) ရက်

နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေတယ်ဆိုပြီး ၁၄ ဦးကို ဖမ်းဆီးထားပြီး နောက်ကွယ်က ဆောင်ရွက်လျက်ရှိသူ ၁၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာတွေကတဆင့် ဝါဒဖြန့်ချိဈေးကစားခြင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရှိတဲ့ Money Changer အချို့ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ စည်မျဉ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန်ဆောင်ရွက်လျက်ရှိတယ်ဆိုပြီး တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူတွေနဲ့ ပွဲစားတွေ အပါအဝင် စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ရဲ့ ဖော်ထုတ်ချက်တွေအရ နောက်ကွယ်ကနေဆောင်ရွက်နေတဲ့ ၁၁ ဦးကိုလည်း ခေါ်ယူစစ်ဆေးဖို့ လုပ်ခဲ့ပေအန်း ထွက်ပြေးတိမ်းရှောင်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုက ဗိုလ်ချုပ်တွေဟာ စီးပွားရေးလည်း နားမလည်၊ အဓိက အရေးကြီးဆုံးဖြစ်တဲ့ပညာရေးကို မြှင့်တင်ပေးရမှာလည်း နားမလည်ခဲ့ဘူး။ အဲ့ဒီအကျိုးဆက်အားဖြင့် ပညာရေးရေချိန် နိမ့်ကျလာတဲ့အတွက် စစ်အုပ်စုအပါအဝင် တတိုင်းတပြည်လုံး တွေးခေါ်မျှော်မြင်နိုင်စွမ်း နိမ့်ကျလာခဲ့တယ်။ သူတို့ နားလည်တာတစ်ခုတော့ ရှိတာ။ အဲ့ဒါက ဘယ်အရာမဆို အင်အားသုံးပြီးတော့ အမိန်အာဏာနဲ့ လုပ်ရင်ရတယ်ဆိုတဲ့ အင်အားသုံး ဖြေရှင်းတဲ့နည်းပဲသိတယ်။ ဒါကြောင့် ဆီဈေးတက်လာရင် ဆီကုန်သည်တွေကိုဖမ်းမယ်၊ ရွှေဈေးတက်လာရင် ရွှေလုပ်ငန်းရှင်တွေကို ဖမ်းမယ်။ ဘာကြောင့် ဒီလို ဖြစ်လာရလဲဆိုတဲ့ အကြောင်းရင်းကို လေ့လာနိုင်စွမ်းလည်း မရှိဘူး။ နေရာတစ်ခုမှာ အခက်အခဲ ဖြစ်လာရင် အကြမ်းဖက်တာပဲ လုပ်တတ်တယ်။ တွေးခေါ်မျှော်မြင်မှု မရှိတဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ အကျိုးဆက်တွေကို မြန်မာပြည်သူတွေဟာ ခါးစည်းခံစားနေရတာဟာ အလွန်စိတ်မကောင်းစရာကောင်းတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို