နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်မှာ အလဲဗင်းအယ်ချုပ်ဟောင်း ဝေမင်းဖြိုးခေါင်းဆောင်တဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ဇူလိုင်လ (၄)ရက်။

နေပြည်တော်၊ လယ်ဝေးမြို့မှာ အလဲဗင်းအယ်ဒီတာချုပ်ဟောင်း ဝေမင်းဖြိုး ခေါင်းဆောင်တဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇွန်လ (၂၅)ရက်နေ့က လယ်ဝေးမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တောင်စဉ်အေးစစ်ဆေးရေးစခန်းမှာ ပျဉ်းမနားဘက်ကနေ ရေနီဘက်ကို မောင်းနှင်လာတဲ့ လိုက်ထရပ်တစ်စီးကို သတင်းအရ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီကားပေါ်ကနေ ကြက်စာအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ငွေကျပ်(၂၀ ဒသမ ၁၆)ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၃ ဒသမ ၄၄)သန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းကို အလဲဗင်းအယ်ဒီတာချုပ်ဟောင်း ဝေမင်းဖြိုး ခေါင်းဆောင်ပြီး ဂိုဏ်းဖွဲ့သယ်ဆောင်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဂိုဏ်းဖွဲ့သယ်ဆောင်တာမှာ ခေါင်းဆောင်ဖြစ်တဲ့ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၁)ရပ်ကွက်မှာ ဖမ်းမိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

ဖမ်းမိခဲ့တဲ့ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အပါအ၀င် (၉)ဦးကို အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူတွေကို ဖော်ထုတ်နေကာ အမှုမှာပါ၀င်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည့်သူ့ဘဏ္ဍာအနေနဲ့ သိမ်းဆည်းသွားမယ်လို့ စစ်ကောသ်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 32 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 148 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 34 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 23 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 42 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက