ဇူလိုင်လ (၄)ရက်။
ဇွန်လ (၃၀)ရက်ျန့ ည(၉)နာရီ (၄၄)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ Slayers of Tyrants(SOT)က ချိန်းကိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် Red Ruby စီးကရက်စက်ရုံထဲ မီးလောင်တာတွေရှိခဲ့ပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေရဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ သူ့ရဲ့ စီးပွားရေးထောက်တိုင်တွေကို တိုက်ခိုက်တာကလဲ အဓိကကျတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ပစ်မှတ်တွေနဲ့ ဝေးဝေးနေကြဖို့ တိုက်တွန်းထားကာ ပြည်သူလို့ပြောရာမှာ လူတန်းစားမရွေး မြန်မာပြည်တွင်းနေထိုင်သူတွေကို ဆိုလိုတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။