နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အုတ်ဖိုမြို့မှာ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးနဲ့ တပ်ကြပ်တို့ သေဆုံးခဲ့

ဒီဇင်ဘာလ (၄)ရက်။

မနေ့က နံနက် (၉)နာရီ (၂၀)မိနစ်အချိန်က အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)ကထွက်လာတဲ့ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တပ်တွင်းဖရဲသီးရဲ့ သတင်းပေးတာကြောင့် တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)ကထွက်လာတဲ့ စကစဆိုင်ကယ်ယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။

တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)ကထွက်လာတဲ့ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းကို တပ်တွင်းသတင်းပေးတာကြောင့် စစ်ကောင်စီတပ်ရှေ့ ကိုက်(၂၀၀)အကွာကနေ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာထဲ (၈)မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး သန်းဝင်းနဲ့ တပ်ကြပ် တင်အောင်တို့ နေရာမှာပဲ သေဆုံးခဲ့ကာ ကျန်စစ်ကောင်စီဆိုင်ကယ်တွေ တပ်ထဲ ကြောက်လန့်တကြား ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီးနောက် MA3 သေနတ်အသစ် (၁)လက်၊ ကျည်ဘောက် (၂)ခု၊ ၅.၅၆ကျည်  (၄၉)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ မိုလ်ဘိုင်းဖုန်း (၂)လုံး၊ ကျောပိုးအိတ် (၁)လုံး၊ မှတ်ပုံတင် (၁)ခု၊ ငွေသား (၄၀၀၀၀)ကျပ်နဲ့ ခမရ(၆)တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ဆင်ရေးထဲ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးလုပ်ဆောင်နိုင်ဖို့ သတင်းပေးခဲ့တဲ့ တပ်ထဲသတင်းပေးသူကို လေးစားစွာ မှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ပြီး အဲ့ဒီထောက်တိုင်တွေအနီး ပြည်သူတွေ သွားလာနေထိုင်တာမလုပ်ဖို့ ကြိုတင်သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 13 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 18 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 20 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 27 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 178 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊