ဖေဖော်ဝါရီလ (၅) ရက်။
ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်တွေနဲ့ ဒေသခံကလေးတွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားတယ်လို့ ကရင်နီဒေသသတင်းရင်းမြစ် JOBS For Kayah မှာ ဖော်ပြထားပါတယ်။
အဲ့ဒီစာသင်ကျောင်းကို ကလေးတွေ ကျောင်းတက်ချိန်၊ စာသင်နေတုန်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးတွေကျဲချခဲ့ရာ ကလေးငယ် (၄) ဦးသေဆုံးပြီး ကလေးငယ် ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်းနဲ့ သေဆုံးသူ ကလေးငယ်တွေက အသက် ၁၁ နှစ်အနေ အသက် ၁၃ နှစ်အကြား ယောင်္ကျားလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိထားတဲ့ ကလေးတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိတယ်လို့ သိရပါတယ်။












