နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကောလင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူနေရ

မတ်လ (၅)ရက်။

ကောလင်းမြို့အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ Kawlin Info ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ (၄)ရက်နေ့ ည(၈)နာရီခန့်ကစပြီး ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက်၊ မင်းဂျမ်းစိုင်ဒူးနဲ့ ဆေးမင်းခုံတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ကောလင်းတပ်ရင်း(၂)နဲ့ KPDF တို့က ကောလင်းမြို့ပေါ်နဲ့ အနောက်ခြမ်း ပကဖတို့နဲ့ ပူးပေါင်းကာ စစ်ကောင်စီ ယာယီအခြေပြုထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)က အသိပေးထားပါတယ်။

အဲ့ဒီတစ်ချိန်ထဲ ကောလင်းမြို့မြောက်ဘက်ရှိ အောင်ချမ်းသာရွာမှာ အခြေပြုနေတဲ့ စစ်ကောင်စီတပ်တွေကို ကောလင်းတပ်ရင်း(၂)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၃)နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကောလင်းမြို့မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူခဲ့တာကြောင့် အထက ပင်မစာသင်ကျောင်းဆောင်နဲ့ ပြည်သူနေအိမ် (၅)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ Kawlin-PDF က ပြောဆိုထားပါတယ်။

ကောလင်းမြို့မှာ မတ်လ (၂)ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ တိုက်ပွဲထဲ တော်လှန်ရေးရဲဘော်နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းကို မနေ့က ညနေ (၄)နာရီအချိန်ခန့်မှာ ပြန်ပိတ်ထားခဲ့ရကာ ကောလင်းမြို့ပြန်ရရှိဖို့ တော်လှန်ရေးအဖွဲ့တွေက ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 23 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 30 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊