နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိခဲ့တဲ့ သံချပ်ကာကားတွေနဲ့ တိုက်ပွဲ၀င်နေတဲ့ ရုပ်သံမှတ်တမ်း TNLA ထုတ်ပြန်

စက်တင်ဘာလ (၅)ရက်။

စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိခဲ့တဲ့ သံချပ်ကာကားတွေနဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့၊ တောင်ခမ်းနဲ့ တောင်ရှည်ကျေးရွာအုပ်စုမှာ တိုက်ပွဲ၀င်နေတဲ့ ရုပ်သံမှတ်တမ်းကို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ ပထမအပတ်ထဲ TNLA စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး တားမဝေါနဲ့ တပ်မဟာမှူး(၆) ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်ကာ ကျောက်မဲနဲ့ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ အမြှောက်တပ် (၂၀၆/၃၅၄/၄၀၆/၉၀၂)တို့မှာ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာကားတွေကို ပြန်လည်အသုံးပြု တိုက်ပွဲ၀င်နေသလို TNLA ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းထဲ စစ်‌ကောင်စီရုပ်အလောင်းတွေနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရပါတယ်။

တောင်ခမ်းကျေးရွာအုပ်စုရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းတွေထဲက (၄၀၆)နဲ့ (၂၀၆)ကို ဩဂုတ်လကုန်ပိုင်းမှာ TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ အမြှောက်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်နိုင်ငံဘက်က နယ်စပ်ဒေသ တည်ငြိမ်ဖို့နဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ TNLA ကို ခြိမ်းခြောက်စာ ပေးပို့ခဲ့ပေမယ့် ရှမ်းမြောက်မှာ TNLA က စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ပွဲ၀င်နေပါတယ်။

တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ခြိမ်းခြောက်သတိပေးစာ ပေးပို့ခဲ့တဲ့အပေါ် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ထားပြီး ဒီလိုလုပ်ရပ်ဟာ ပြည်သူလူထုဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 34 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 42 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 29 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 23 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 27 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို
မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နဲ့ ပုလဲမြို့နယ်