နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ GSC ထုတ်ပြန်

ဖေဖော်ဝါရီလ (၆)ရက်။

ဒီမော့ဆိုမြို့မှာ စစ်အုပ်စုက စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတွေ သေဆုံးခဲ့ရတဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က နံနက် (၁၀)နာရီခန့်မှာ ဒီမော့ဆိုမြို့နယ်၊ လွိုင်နန်ဖကျေးရွာရှိ စာသင်ကျောင်းကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပညာသင်ယူနေတဲ့ အသက်(၁၁)နှစ်ကနေ (၁၃)နှစ်ကြား အရွယ်သာရှိသေးတဲ့ ကျောင်းသား(၄)ဦး သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ကျောင်းသားထု အခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး အခုလုပ်ရပ်အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူနဲ့ ကျောင်းသားတွေအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံအနှံ့အပြားမှာ စစ်အုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေပြီး နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူလူထုဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရကာ ထိခိုက်သေဆုံးတာတွေလည်း တိုးလာတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား၊ စစ်အုပ်စု(စစ်သုံးစစ်)နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက ထိရောက်မှန်ကန်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ GSC က တိုက်တွန်းထားပါတယ်။

မနေ့က နံနက်(၁၀)နာရီ (၁၅)မိနစ်နဲ့ (၁၁)နာရီ (၂၀)မိနစ်အချိန်မှာ စစ်ကောင်စီက ဒီမော့ဆိုမြို့၊ ဒေါဆီးအီရွာရှိ စာသင်ကျောင်းနဲ့ လွိုင်နန်းဖရွာရှိ စာသင်ကျောင်းအနီးတဝိုက်ကို လေကြောင်းနဲ့ (၁၀)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ(ကရင်နီပြည်)က ပြောဆိုထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ သေဆုံးထိခိုက်ခဲ့ရတဲ့ ကျောင်းသားကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာဟာ လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 10 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 9 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 21 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 12 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 14 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊