နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းတဲ့လုပ်ငန်းတွေ မအောင်မြင်ဖို့ ဘူးသပိတ်ဆင်နွဲကြဖို့ တော်လှန်ရေးအင်အားစုတွေထုတ်ပြန်

မတ်လ (၆)ရက်။

စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ အချက်အလက်တွေ ကောက်ယူတဲ့လုပ်ငန်းတွေ မအောင်မြင်စေဖို့ “ မပူးပေါင်းဘူး၊ မပါဝင်ဘူး” ဘူးသပိတ်ဆင်နွဲကြရမယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီလိုဆန့်ကျင်ရာမှာ စစ်အုပ်စုခန့်ထားတဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ရပ်တွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ဖို့လိုပြီး သူတို့ကိုယ်တိုင် စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်လာအောင် စည်းရုံးကြရမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ကိုယ်ကျိုးစီးပွား တည်မြဲဖို့အတွက် ပြည်သူကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ ဥပဒေကို တရားမဝင် အသက်သွင်းလိုက်တာကြောင့် ပြည်သူတစ်ရပ်လုံး ပူပင်သောကရောက်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့အစီအစဉ် အကောင်အထည်မဖော်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေက နည်းလမ်းပေါင်းစုံအသုံးပြုပြီး ပြည်သူနဲ့အတူ အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ လူထုလှုပ်ရှားမှုတွေကို ထုနဲ့ထည်နဲ့ အရှိန်မြှင့်ဖို့လိုအပ်ပြီး နိုင်ငံရေးအင်အားစုတွေအချင်းချင်း ချိတ်ဆက်ကာ ပြည်သူဦးဆောင်နိုင်တဲ့ နိုင်ငံရေးအန်တုလှုပ်ရှားတာတွေကို အရှိန်မြှင့်ဆောင်ရွက်ရမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် အရပ်သားအနေနဲ့သာ နေထိုင်လိုသူတွေကို စစ်အုပ်စုရဲ့ အန္တရာယ်နဲ့ ကင်းဝေးတဲ့ အရပ်ဒေသတွေကို ပြောင်းရွှေ့အခြေချနိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်တာတွေကို ကူညီနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့တွေကြားမှာ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုအခါ စစ်ကောင်စီဘက်ကလဲ စစ်မှုထမ်းတာနဲ့ပတ်သက်ပြီး အမြန်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသလို သင်တန်းကျောင်းတွေ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီအာဘော်သတင်းစာတွေကနေ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 13 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့်
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 13 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 25 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်