နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ သာကေတမြိုနယ်ထဲ ကာလ၀မ်းပိုးရောဂါ ကူးစက်သူတွေများနေ၊ လက်သုပ်နဲ့ တုတ်ထိုးဆိုင်တွေ ယာယီပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံတွေ လိုက်လံကြေညာ‌

ဇူလိုင်လ (၆)ရက်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲ ၀မ်းပျက်၊ ၀မ်းလျောရောဂါ(ကာလ၀မ်းပိုးရောဂါ) ကူးစက်သူဦးရေ မြင့်တက်လာနေတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ သတိပေးထားချက်တွေအရ သိရပါတယ်။

“ သာကေတက ရပ်ကွက်တွေမှာ ၀မ်းပျက်၊ ၀မ်းလျောရောဂါ ကူးစက်သူဦးရေ များပြားလာတာကြောင့် သတိထားကြဖို့နဲ့ ရောဂါကူးစက်လူနာတွေ့ရင် သက်ဆိုင်ရာတာ၀န်ရှိသူတွေကို ဆက်သွယ်ဖို့ အသိပေး‌ထားတာပါ” လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ဆိုပါတယ်။

သာကေတမြို့နယ်က ရပ်ကွက်အချို့မှာ ၀မ်းပျက်၀မ်းလျောရောဂါ ဖြစ်ပွားနေတာကြောင့် လက်သုပ်ဆိုင်၊ တုတ်ထိုးဆိုင်နဲ့ အကင်ဆိုင်တွေကို ဇူလိုင်လ (၁၃)ရက်အထိ ပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံတွေက လိုက်လံကြေညာခဲ့‌တယ်လို့ သိရပါတယ်။

“ ၀မ်းပျက်၀မ်းလျောရောဂါဖြစ်တာ များနေလို့ သူတို့က အစားအသောက်ဆိုင်တွေကို ယာယီပိတ်ထားဖို့ မနေ့က ညနေပိုင်းမှာ အသံချဲ့စက်နဲ့ လိုက်ကြေညာတာပါ၊ အဓိကက လက်သုပ်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေ၊ အကင်ဆိုင်တွေနဲ့ ယင်နားစာဆိုင်တွေကို လိုက်ပြောသွားတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

သာကေတမြို့နယ်ထဲ ၀မ်းပျက်၊ ၀မ်းလျောရောဂါဖြစ်ပွားတာများပြားတဲ့အတွက် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ကာ မြိုနယ်ထဲ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ သာကေတထဲမှာ ကာလ၀မ်းပိုးရောဂါဖြစ်တဲ့လူနာ များလာတာကြောင့် အရေးပေါ်အစည်းအဝေးခေါ်ပြီး ကျန်းမာရေးကိစ္စတွေ အမြန်ဆုံး ဆောင်ရွက်ဖို့နဲ့ သောက်သုံးရေတွေထဲ ကလိုရင်းအမှုန့် ဖျော်ရည်ခပ်ဖို့ကိစ္စတွေ ပြောသွားပါတယ်” လို့ ပရဟိတအသင်းတခုက ပြောပါတယ်။

ဒါ့ပြင် သာကေတမြိုနယ်ထဲ ၀မ်းပျက်၊ ၀မ်းလျောရောဂါဖြစ်ပွားသူ များပြားလာတဲ့အတွက် ရပ်ကွက်ထဲရှိ လမ်းတွေမှာရောင်းချနေတဲ့ အစားအသောက်ဆိုင်နဲ့ ယင်နားစာဆိုင်တွေကို ဇူလိုင်လ (၅)ရက်နေ့ ညနေပိုင်းကစပြီး ယာယီပိတ်ထားဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 11 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 13 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ