နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်နဲ့ နိုင်ငံရဲ့အနာဂတ်ကို ကယ်တင်ဖို့ တိုင်းမှူး၊ တပ်မမှူးနဲ့ စကခမှူးတွေကို တိုက်တွန်း

ဩဂုတ်လ (၆)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်နဲ့ နိုင်ငံရဲ့ အနာဂတ်ကို ကယ်တင်ဖို့ တိုင်းမှူး၊ တပ်မမှူးနဲ့ စကခမှူးတွေကို ပြည်သူ့ရင်ခွင်၊ ပြည်သူ့စစ်သားဇနီးများနဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့တို့က ဒီကနေ့မှာ တိုက်တွန်းထားချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာရူးသွပ်တာနဲ့ ဖိနှိပ်ရက်စက်တာတွေကြောင့် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ကာ စစ်သား ထောင်ပေါင်းများစွာအပါအ၀င် တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးတွေအထိ ကျဆုံးတာ၊ ဖမ်းဆီးခံရတာနဲ့ သတ်သေတာတွေအထိ တွေ့ကြုံနေရပြီလို့ ဆိုပါတယ်။

လောက်ကိုင်မြို့တိုက်ပွဲတွေထဲ နောက်ဆုံးအချိန်အထိ ခုခံတိုက်ခိုက်ခဲ့ပေမယ့် စစ်ကူမရတဲ့အတွက် လက်နက်ချခဲ့ရတဲ့ စစ်အရာရှိကြီးတွေကို မင်းအောင်လှိုင်က စစ်ရှုံးနိမ့်တဲ့ တရားခံတွေအနေနဲ့ အရေးယူပြီး သေဒဏ်နဲ့ တသက်တကျွန်းဒဏ်အထိ ပြင်းပြင်းထန်ထန် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေနဲ့ ဆက်စပ်ပြီး တိုင်းမှူးတွေအပါအ၀င် စစ်အရာရှိကြီးတွေကိုလဲ အမှုအမျိုးမျိုး ခေါင်းစဉ်တပ်ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် အရေးယူနေတယ်လို့ ရေးသားထားပါတယ်။

ဒီလို နိုင်ငံနဲ့ တပ်မတော်ကို ချနင်းဖျက်ဆီးနေတဲ့ အာဏာရူးစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ ဘယ်လိုစစ်အရာရှိကြီးတွေကမှ အသက်၊ ရာထူး၊ စည်းစိမ်၊ မိသားစုအနာဂတ် လုံခြုံမှု အာမခံချက် ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အခုတွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေအရပ်ရပ်ကို အချိန်မီ ရပ်တန့်ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီတပ်က တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးတွေအနေနဲ့ NUG၊ EAOs တွေနဲ့ဆက်သွယ်ပူးပေါင်းကာ အတူလက်တွဲအကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

အကောင်အထည်ဖော်ရာမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ အရပ်ဘက်ကွပ်ကဲမှုကို လေးစားလိုက်နာပြီး နိုင်ငံတော်ကာကွယ်ရေး မူလတာ၀န်ကိုသာ ထမ်းဆောင်ဖို့နဲ့ ပြည်သူလိုလားနေတဲ့ ဖက်ဒရယ်တပ်မတော်တရပ် ပေါ်ပေါက်ဖို့ ဦးတည်ပြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မအလရဲ့(၃)လသက်တမ်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 21 Views
NUGရဲ့မူးယစ်ခြေမှုန်းခန်း တရုတ်ရဲ့အာဏာစက်နန်း အထက်ပါခေါင်းစဥ်နဲ့ ဒီတနင်္ဂနွေနေ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအပိုင်း(၃၂)  ကိုဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ(၃)ဆင့်ပြုလုပ်ပြီးအများတွက်ထားပြီးသားဖြစ်တဲ့အတိုင်’စစ်တပ်ပိုင်ကြံခိုင်ရေးပါတီကအနိုင်ရလာခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်က မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ
မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 30 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 29 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ (၂၃)ရက်နေ့မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 28 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 29 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 38 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 33 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 42 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်