နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဦးနယ်မှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားလူငယ်နှစ်ဦးကို ဖမ်းဆီးလည်လှီးသတ်ဖြတ်ခဲ့

ဖေဖော်ဝါရီလ (၇) ရက်။

စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးနယ်တောင်ဘက်ခြမ်းက ကုက္ကိုစုရွာကို ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူလူငယ် (၂)ဦးကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ရေဦးအခြေပြု People’s Defence Comrade(အမေ့သား)ထံက သိရပါတယ်။

ခင်ဦးနယ်အနောက်ခြမ်းမှာ မီးရှို့သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မူးမြစ်ကိုဖြတ်ကူးလာပြီး ရေဦးနယ်တောင်ဘက်ခြမ်းက ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ (၆)ရက်နေ့ ည (၁၁)နာရီခွဲအချိန်မှာ အလစ်အငိုက်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီခွေးဘီလူးတပ်က မနက်အစောပိုင်း (၁)နာရီလောက်မှာ ကုက္ကိုစု/မူးသာရွာတွေဘက်ကနေ ရေဦးတိုင်းရင်းက ထွက်ကြိုတဲ့ ကားကြီးနှစ်စီးနဲ့ ရေဦးမြို့ထဲက အထက(၁)ကို ဝင်သွားခဲ့ပါတယ်” လို့ ၎င်းက ပြောဆိုထားပါတယ်။

ဒီကနေ့ နံနက် (၆)နာရီလောက်မှာတော့ ရေဦးမြို့ထဲရှိ အထက(၁)ကနေ အနောက်ဘက်ခြမ်းရွာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုးကာ အခုအချိန်မှာတော့ ငြုတ္တုံရွာနဲ့ အနီးဝန်းကျင်မှာ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

ခလရ(၇၁)နဲ့ ခမရ(၇၀၈)တို့ ပူးပေါင်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလကစပြီး ဒီကနေ့အထိ ရေဦးနယ်၊ ခင်ဦးနယ်နဲ့ ဒီပဲယင်းနယ်တို့က ကျေးရွာတွေကို ညပိုင်းအချိန် အလစ်အငိုက်ဝင်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးကာ PDF ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတာလို့ ဆိုထားပါတယ်။

ဒါ့ပြင် ဒေသခံတောင်သူတွေရဲ့ စပါးကျီတွေ၊ စပါးတွေနဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပြီး အဲ့ဒီစစ်ကြောင်းတပ်စွဲထားတဲ့ ငြုတ္တုံရွာအနီးရှိ ရွာတွေ ဘေးလွတ်ရာ တိမ်းရှောင်ပေးဖို့ People’s Defence Comrade(အမေ့သား)က သတိပေးထားပါတယ်။

အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် ရေဦးနယ်အနောက်ဘက်ခြမ်းက ကျေးရွာ (၁၁)ရွာရှိ ပြည်သူ (၅၀၀၀)ကျော်မှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးတဲ့အပေါ် CRPH အပြင်းအထန်ရှုတ်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 13 Views
စက်တင်ဘာလ (၆)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ ဆေးကုသခွင့်မပေးတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

ပဲခူး-ရခိုင်အစပ်ရှိ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 11 Views
စက်တင်ဘာလ (၆)ရက်။ ပဲခူးတိုင်းနဲ့ ရခိုင်ဒေသ ထိစပ်နေတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က မရပ်မနား ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ NMSP-AD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 13 Views
စက်တင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP-AD က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ သူတို့ကြုံနေရတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုစေဖို့ ရရှိအောင်
မြန်မာသတင်း

အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲထိခိုက်စေတဲ့ လှုံ့ဆော်ဝါဒဖြန့်တာတွေကို အရေးယူမယ်ဆိုပြီး စစ်တပ် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 12 Views
စက်တင်ဘာလ (၆)ရက်။ အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်ဝါဒဖြန့်သူတွေကို အရေးယူဖို့ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတာဝန် လွှဲပြောင်းပေးနိုင်ဖို့၊ မဲပေးခွင့်ရှိသူအားလုံး
မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 67 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ BGF ရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ပြီး တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို
မြန်မာသတင်း

(၈)လတာထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 71 Views
စက်တင်ဘာလ (၅)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေဟာ အရေးပေါ်သက်တမ်း (၇)ကြိမ်မြောက်တိုးခဲ့တဲ့ ဖေဖော်ဝါရီလမှာ
မြန်မာသတင်း

“ ဝ” ဒေသထဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 91 Views
စက်တင်ဘာလ (၅)ရက်။ UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး အသိပေးပြောဆိုတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ “ ဝ” ပြည်နယ်
မြန်မာသတင်း

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 85 Views
စစ်တပ်ဘက်က ဒုရင်းမှူးနဲ့ တပ်ခွဲမှူးအပါ (၆)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန် စက်တင်ဘာလ (၅)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကျောက်ကြီး-မုန်း ကားလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့