မတ်လ (၇) ရက်။
မတ်လ ၆ ရက်နေ့ ညဘက်မှာ မင်းပြားမြိုနယ်၊ အမ်းသားရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းတကျောင်း၊ အိမ်တလုံးနဲ့ စပါးတောင်း ၂၀၀ ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဗုံး ၂ လုံးက အမ်းသားရွာက အမှတ် (၇၁) အခြေခံပညာမူလတန်းကျောင်းတည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းလုံးဝပျက်စီးသွားခဲ့ရပြီး ကျောင်းထဲမှာထားတဲ့ စပါးတောင်း ၂၀၀ လည်း ပျက်စီးဆုံးသွားတဲ့လို့ သိရပါတယ်။ အဲ့ဒီအပြင် စာသင်ကျောင်းအနီးက အိမ်တလုံးလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်လှီ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ ညဘက်မှာလည်း အဲ့ဒီအမ်းသားရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် ၄ လုံးပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။