ဇူလိုင်လ (၇) ရက်။
ရခိုင်ပြည် မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှ ရဲတပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ GZ မျိုးဆက်တပ်တော် (GZ Army) ထံ အလင်းဝင်လာရောက်တယ်လို့ GZ မျိုးဆက်တပ်တော်က ဒီနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီရဲတပ်သားနှစ်ဦးဟာ GZ Army နဲ့အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်တွင်းသာမက မြန်မာတနိုင်ငံအတွင်းရှိ ဘယ်တပ်စခန်းကမဆို အလင်းဝင်ရောက်မယ် ဆိုပါက လက်ခံကြိုဆိုသွားမှာဖြစ်ပြီး လုံခြုံမှု၊ စိတ်ချမှုရှိအောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ အသိပေး ကြေညာထားပါတယ်။
လမ်းခရီးအတွက် ကူညီပေးခဲ့တဲ့ အာရက္ခတပ်တော် AA ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။