ဇူလိုင်လ (၇)ရက်။
မနေ့က ရန်ကုန်မြို့မှာ သပိတ်ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို သပိတ်ကော်မတီတွေက ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)ထံက သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို “ စစ်အာဏာရှင်အခက် ပြည်သူလူထုအချက်” ဆိုတဲ့ ဘန်နာနဲ့ သပိတ်ကိုင်စွဲပြီး ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှုတခုအနေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
သပိတ်ကော်မတီတွေက ပြည်သူလူထုကြုံတွေ့နေတဲ့ အကြပ်အတည်းတွေအတွက် လူထုတိုက်ပွဲအသွင်ဆောင်ဖို့ တပ်လှန့်သံတွေနဲ့အတူ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ကြွေးကြော်ခဲ့ကြပါတယ်။
အခုလိုလှုပ်ရှားမှုကို ရန်ကုန်မြို့ထဲ စစ်တပ်လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)နဲ့ မဟာမိတ်သပိတ်ကော်မတီတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။