နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ၀မ်းပျက်၀မ်းလျှောရောဂါကြောင့် လူသေဆုံးတာမရှိဘူးလို့ စစ်ကောင်စီငြင်း

ဇူလိုင်လ (၇)ရက်။

ရန်ကုန်က ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်သူတွေထဲ သေဆုံးတာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

 “ ၀မ်းပျက်၀မ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူတွေထဲ သေဆုံးတာမရှိပါဘူး၊ အဲ့ဒီထဲက တစ်ဦးကတော့ နဂိုကထဲက ခုခံအားကျဆင်းပြီး ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့တာ” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဘက်က လူသေဆုံးတာမရှိဘူးလို့ ငြင်းဆိုထားပေမယ့် ရောဂါဖြစ်ပွားတဲ့မြို့နယ်အခြေစိုက်က လူမှုကူညီရေးအသင်းတွေကတော့ လူ (၅)ဦးအထိသေဆုံးခဲ့တယ်လို့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။

“ စကစက ဘယ်တုန်းကမှ သတင်းကို မှန်အောင်ပြောတာမရှိဘူး၊ အခုရောဂါကြောင့် သေဆုံးတဲ့သူရှိတာကိုလဲ မဟုတ်ဘူးဆိုပြီး ဗြောင်လိမ်ပြန်ပြီ၊ အဲ့ဒါကြောင့် သူတို့သတင်းတွေဆို ပြည်သူတွေက အယုံအကြည်မရှိတာ၊ ကိုဗစ်တုန်းကလဲ သတင်းတွေကိုလိမ်ပြီးထုတ်ပြန်တယ်၊ အခုလဲထပ်လိမ်ပြန်ပြီ၊ ၀င်းနိမ္မိတာရုံဆရာတော်တုန်းကလဲ လိမ်ပြီးထုတ်ပြန်တာ မတတ်နိုင်တဲ့အဆုံး ၀န်ခံလိုက်ရတယ်” လို့ သာကေတမြို့နေသူတစ်ဦးက ဆိုပါတယ်။

ဒေါပုံမြို့၊ သဲကွင်းကျူးကျော်ရပ်ကွက်မှာ ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားသူ (၁၂)ဦးရှိပြီး ဝိတိုရိယဆေးရုံမှာ တစ်ဦးနဲ့ ရန်ကုန်ဆေးရုံက (၄)ဦးတို့မှာ ကာလ၀မ်းပိုးရောဂါတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။

၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတဲ့ သဲကွင်းကျူးကျော်ရပ်ကွက်ကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး လမ်းဘေး‌စားသောက်ဆိုင်တွေကို ယာယီပိတ်ထားတာနဲ့ ရေနဲ့ ပတ်၀န်းကျင်သန့်ရှင်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ၀မ်းပျက်၀မ်းလျှောရောဂါဟာ ဒေါပုံမြို့အပြင် ထိစပ်မြို့ဖြစ်တဲ့ သာကေတမြို့က ရပ်ကွက်တွေမှာလဲ ဖြစ်ပွားခဲ့ကာ ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါအနေနဲ့ စစ်ကောင်စီကျန်းမာရေးက သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 11 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 13 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 26 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ