နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ဩဂုတ်လ (၇)ရက်။

ဒီကနေ့ နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့နယ်ရှိ ရေဖြူရွာမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရေဖြူရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းဟာ TNLA ရှိရာကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကွတ်ခိုင်မြို့ရှိ ကွတ်ခိုင်ဗျူဟာကုန်းကို ဂျက်ဖိုက်တာနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ လူထိခိုက်တာမရှိခဲ့ပေမယ့် အဆောင်အဦတချို့ ထိမှန်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် မနေ့ကလဲ စစ်ကောင်စီက သီပေါမြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ကော်ကြီးကျေးရွာက ရေလယ်ဘုရားကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဘုရားကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သံဃာတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ကာ သံဃာတပါး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 18 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 20 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 20 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 19 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်