နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရခဲ့

အောက်တိုဘာလ (၇)ရက်။

မနေ့က ညနေ (၄)နာရီ (၁၅)မိနစ်အချိန်မှာ မောင်တောမြို့၊ တောင်ပြိုကနေပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အရပ်သား (၆)ဦးပါတဲ့ တေဘာကားတစ်စီးဟာ တောင်ပြိုကနေ အခြေခံစားသောက်ကုန်ပစ္စည်းတွေဝယ်ပြီး ပြန်လာရာ ARSA လက်နက်ကိုင်အဖွဲ့က လမ်းတလျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာက အသက် (၃၈)နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးဟာ ဝဲဘက်နားထင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကာ (၄)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒဏ်ရာရရှိသူတွေထဲ ဝမ်းဗိုက်မှာ ပြင်းထန်ဒဏ်ရာရခဲ့သူတစ်ဦးနဲ့ ဦးခေါင်း‌မှာ ပြင်းထန်ဒဏ်ရာရခဲ့သူတစ်ဦးတို့ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးနေတယ်လို့ ရေးသားထားပါတယ်။

အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ARSA လက်နက်ကိုင်အဖွဲ့ကို အာရက္ခတပ်တော်(AA)က လိုက်လံရှင်းလင်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီသံရုံးတွေက သံအမတ်တွေနဲ့ ကောင်စစ်ဝန်ချုပ်ဆိုသူတွေကို NUG အမည်ပျက်စာရင်းကြေညာ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒေါက်တိုင်တွေအနေနဲ့ ‌ဆောင်ရွက်နေတဲ့ သံအမတ်တွေနဲ့ ကောင်စစ်ဝန်ချုပ်ဆိုသူ‌တွေကို NUG က ဒီကနေ့မှာ အမည်ပျက်စာရင်း(Blacklist) ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ပြည်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ၍ ၄ ဦးဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 3 Views
ဖေဖော်ဝါရီ (၂၃) ရက်။ ဒီနေ့ ဖေဖော်ဝါရီ (၂၃) ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ပဲခူးတိုင်း၊ ပြည်မြို့ရှိ
မြန်မာသတင်း

သာယာဝတီခရိုင်တပ်ရင်းတွေမှာ တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၂) ရက်။ သာာယာဝတီခရိုင်တပ်ရင်းတွေမှာ တော်လှန်ရေးရဲဘော်တွေအချင်းချင်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ တပ်ရင်းတွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာပါ။ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) က
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့မှာ NUG အုပ်ချုပ်ရေးယန္တရားမလုပ်ဖို့ KNU ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်မှာ NUG အနေနဲ့ အုပ်ချုပ်ရေးယန္တရား ဆောင်ရွက်တာမလုပ်ဖို့ KNU က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအသိပေးထုတ်ပြန်စာကို KNU ရဲ့ ကစယ်ဒိုမြို့နယ် အတွင်းရေးမှူး စောပေါနော်က လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီလ
မြန်မာသတင်း

MNRF စခန်း စီးနင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် (၁)ဦးကျဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက် (၃)နာရီအချိန်က Moe Nyo Revolution Force(MNRF)တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြစ်စဉ်က (၁၇)ရက်နေ့ မနက်(၃)နာရီ တော်လှန်ရေးရဲဘော်
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့ထဲ သွားလာတာကို ယာယီပိတ်ထားမယ်လို့ မိုးဗြဲ-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ တိုက်ပွဲပြင်းထန်နေတာကြောင့် မိုးဗြဲမြို့ထဲ ဖြတ်သန်းသွားလာတာကို အခုရက်ပိုင်းထဲ ယာယီပိတ်ထားမယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က အသိပေး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်စမှာ စစ်ကောင်စီက နယ်မြေတွေ ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်နေကာ မိုးဗြဲမြို့ကို
မြန်မာသတင်း

စစ်ပွဲတွေ ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ပြည်သူတရပ်လုံးက ထောက်ခံအားပေးတာကြောင့် စစ်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗထူးမြို့မှာပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုဆင်နွှဲနေတဲ့ စစ်ပွဲဟာ တရားတဲ့စစ်ဆိုပြီး ပြောဆိုထားသလို ပြည်သူတရပ်လုံးက ဝိုင်းဝန်းထောက်ခံအားပေးနေကာ
မြန်မာသတင်း

ရန်ကုန်မှာ နှစ်ငါးလုံးနေ့အနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ဒီကနေ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှစ်ငါးလုံးနေ့ လှုပ်ရှားမှုအနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ ရန်ကုန်တော်လှန်လူငယ်တွေဟာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားတဲ့အချိန် နှစ်ငါးလုံးနေ့ လှုပ်ရှားမှုအနေနဲ့ “ ငုံ့မခံနဲ့ တုန့်ပြန်၊