နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးလင်းမြို့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ဒီဇင်ဘာလ (၇)ရက်။

ဒီဇင်ဘယလ (၄)ရက်နေ့က ထီးလင်းမြို့ရှိ မြို့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ ထီးလင်းမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲတပ်သားဟာ သူနဲ့အတူ MA-13 တစ်လက်နဲ့ ကျည် (၁၄၂)တောင့်နဲ့အတူ ဂန့်ဂေါခရိုင် အမှတ်(၄)တပ်ရင်းထံ CDM ပြုလုပ်ပြီး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီရဲတပ်သားဟာ စစ်အာဏာရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တာ ကြာပြီဖြစ်ကာ အရင်တကြိမ်ကလဲ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ဖို့ ကြိုးစားခဲ့သေးကာ မအောင်မြင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အခုအခါ ထီးလင်းမြို့နယ်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ စိတ်ဓါတ်ပျက်ပြားနေပြီး အချင်းချင်း စည်းလုံးမှုမရှိတော့ဘူးလို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် ကျန်ရှိခဲ့သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေဆီ အချိန်မီ ချိတ်ဆက်အလင်းဝင်ဖို့နဲ့ လူမဆန်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်ဖို့ တိုက်တွန်းထားပါတယ်။

အခုလို လက်နက်ခဲယမ်းနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM ရဲတပ်သားကို ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့အတွက်ကိုလဲ ဆောင်ရွက်နေတယ်လို့ မြို့နယ်ပကဖက ထုတ်ပြန်ထားပါတယ်။

ထီးလင်းမြို့မှာ စစ်ရေးအရှိန်မြင့်တင်လာမယ့်အတွက် မြို့ပေါ်နေပြည်သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ ပျူစောထီးတွေအနေနဲ့ အခုလကုန် နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ မြို့နယ်ပအဖက အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာရှိ စစ်ကောင်စီရဲ့ နမခနဲ့ အမြောက်တပ်တို့ ရော့ကတ်အလုံး (၁၀၀)နဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 2 Views
မုံရွာရှိ စစ်ကောင်စီရဲ့ နမခနဲ့ အမြောက်တပ်တို့ ရော့ကတ်အလုံး (၁၀၀)နဲ့ ပစ်ခတ်ခံရ ဖေဖော်ဝါရီလ (၂၅)ရက်။ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နေ့လယ်
မြန်မာသတင်း

NUG အစိုးရအပေါ် ဝေဖန်လာတာတွေကို အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ NUG အစိုးရအပေါ် ဝေဖန်လာတာတွေကို အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီဝန်းကျင်က KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စကစက အသေခံဒရုန်းနဲ့ ဗုံးကြဲသွားတာ။
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park ထဲ ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၁၅၀)ကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၁၅၀)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၁၅၀)ဦးဟာ မြဝတီမြို့
မြန်မာသတင်း

ပုပ္ပါး-တောင်သာလမ်းပိုင်း သတ်မှတ်ချိန်ထဲ သွားလာတာမလုပ်ဖို့ PGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 6 Views
မနေ့ကစပြီး ပုပ္ပါး-တောင်သာလမ်းပိုင်းကို သတ်မှတ်ချိန်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂၄)ရက်ကစပြီး ည(၈)နာရီကနေ နံနက်(၄)နာရီအထိ ပုပ္ပါး-တောင်သာ ကားလမ်းမကြီးကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြည်သူတွေကို အသိပေးထားတာပါ” လို့ ဆိုပါတယ်။
မြန်မာသတင်း

မြိုင်မြို့နယ်မှာ မင်္ဂလာဆောင်ပြုလုပ်နေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ပြည်သူ (၂၀)ကျော် ထိမှန်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းက မြိုင်မြို့နယ်ရှိ ဆုံကုန်ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက် ဆုံကုန်ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်လုပ်နေတဲ့အချိန် ဗုံးကြဲခံရတာ။ ပေါင် ၅၀၀ဗုံး
မြန်မာသတင်း

အိုးဘိုထောင်မှာ ကျဆုံးသွားတဲ့ နိုင်/ကျဉ်းတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်သယ်ခွင့်မပြု

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အိုးဘိုအကျဉ်းထောင်ထဲ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ရုပ်အလောင်းကို‌ ထောင်အာဏာပိုင်တွေက ပြန်ယူခွင့်မပြုခဲ့ဘူးလို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟာ ပုဒ်မ၅၀၅(က)နဲ့ ထောင်ဒဏ် (၃)နှစ် ချမှတ်ခံထားရသူ ကိုအောင်ထွန်းဖြစ်ကာ
မြန်မာသတင်း

ကိုဗစ်ချေးငွေ မဆပ်ရသေးတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို သတင်းစာကနေ ကြေညာမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ကိုဗစ်ချေးငွေ မပေးဆပ်ရသေးတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို သတင်းစာကနေ အချက်အလက်အပြည့်အစုံနဲ့ ကြေညာမယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်ချေးငွေယူထားတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ပြန်လည်ကုစားရေးလုပ်သန်းကော်မတီက ဒီကနေ့ထုတ်သတင်းစာမှာ အသိပေးထားပါတယ်။