ဩဂုတ်လ (၈)ရက်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းဟာ နေပြည်တော်ကို ဒီကနေ့ ဩဂုတ်လ (၈)ရက်မှာ ရောက်ရှိနေပြီလို့ နေပြည်တော်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
အခုလို တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်ရှိလာတာနဲ့ ခရီစဉ်အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါ။
အခုရက်ပိုင်းထဲ ဟိုင်ဂင်ဆွေးနွေးပွဲပြုလုပ်ဖို့ စီစဉ်ထားပေမယ့် စစ်ကောင်စီက မတက်ရောက်ခဲ့တဲ့နောက် တရုတ်အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဉ် ပေါ်ပေါက်လာတာလို့ ပြောဆိုနေကြပါတယ်။
တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ခရီးစဉ် လာရောက်ချိန် တဖက်မှာလဲ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။
တရုတ်အထူးကိုယ်စားလှယ်ရဲ့ ဇွန်လထဲက လာရောက်ခဲ့တဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခွင့်မရခဲ့ဘဲ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးနဲ့သာ တွေ့ဆုံခဲ့ရတာပါ။
ဒီကနေ့ နံနက်အစောပိုင်းကလဲ စစ်ကောင်စီဟာ KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ တရုတ်ဘက်က ပြန်လည်သတိပေးပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။