Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ထဲ ဘာသာရေးခေါင်းဆောင် (၃)ဦးကို ထပ်မံခန့်အပ်

စက်တင်ဘာလ (၈)ရက်။

စစ်ကောင်စီရဲ့ အမျိုးသားလူ့အခွင့်အရေးကော််မရှင်အဖွဲ့ထဲ ဘာသာရေးခေါင်းဆောင် (၃)ဦးကို ထပ်မံဖြည့်စွက်ခန့်အပ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ ဘာသာရေးခေါင်းဆောင် (၃)ဦးကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ရဲ့ အဖွဲ့၀င်တွေအနေနဲ့ ခန့်အပ်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉)အရ ထပ်မံဖြည့်စွက်ခန့်အပ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက လူ့အခွင့်အရေးကော်မရှင်ရဲ့ အဖွဲ့၀င်တွေအနေနဲ့ ထပ်မံခန့်အပ်ခဲ့သူ (၃)ဦးဟာ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာတို့ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ (၃)ဦးဟာ စိန်မေရီကက်သလစ်ဘုရားကျောင်းက ဂေါပကအဖွဲ့၀င် ဦး၀င်းလှိုင်ဦး(ခ)ကုန်ဇမှုန်း၊ ပိန္နဲကုန်းဂျာမေဗလီဂေါပကအဖွဲ့၀င် ဦးသန်း၀င်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းဂေါပကအဖွဲ့၀င် ဦးတင်ကိုကိုတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သူ့ရဲ့ချင်းပြည်နယ်အစိုးရအဖွဲ့က စီးပွားရေးရာ၀န်ကြီး ဦးဟန်ကျင့်ဇမ်းကို ကျန်းမာရေးကြောင့် တာ၀န်ကနေ အနားယူခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲမြို့ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 1 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 2 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့မှာ ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေက သူမရဲ့ပုံတွေနဲ့အတူ နှင်းဆီပန်းတွေနဲ့ ဖေ့စ်ဘွခ်စာမျက်နှာတွေမှာ ဓါတ်ပုံပြောင်းလဲတင်ထားကြတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပသမဂ္ဂအပါအဝင် ယူကေ၊ အမေရိကန်၊ ကနေဒါ၊
မြန်မာသတင်း

ကိုဗစ်ကြောင့် သေဆုံးသူမရှိဘူးလို့ စစ်ကောင်စီ ပြောနေပေမယ့် မကွေးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၈)ရက်။ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မကွေးပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံမှာ ‌ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC)ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ NUCC သဝဏ်လွှာပို့

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမျိုးသားညီညွတ်ရေးကောင်စီ(NUCC)က ဒီကနေ့မှာ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ NUCC အနေနဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ကနေ ကျင်းပခဲ့တဲ့ တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာနဲ့ TLC ဖွဲ့စည်းတာတို့ကို
မြန်မာသတင်း

ရွှေတိဂုံစေတီပေါ် အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး ရန်ကုန်ရှိ ရွှေတိဂုံစေတီပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေကို လုံခြုံရေးတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါတယ်။ “ ဒီနေ့ မနက်အစောပိုင်းကစပြီး ရွှေတိဂုံဘုရားပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာတဲ့သူတွေကို လုံခြုံရေးတွေက
မြန်မာသတင်း

ငလျင်ကြောင့်ဆိုပြီး စစ်ကောင်စီ ပြန်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူ (၈၀၀)ကျော်ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ ငလျင်ကြောင့်ဆိုကာ စစ်ကောင်စီက ပြန်လည်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုတာမှာ ပျက်ကွက်သူ (၈၄၉)ဦးရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့်ဆိုပြီး ဇွန်လ (၁၆)ရက်နေ့ကစတင်ကာ စစ်ကောင်စီက ‌‌ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့ရှိ မြို့နယ်