နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 14 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ စစ်ကောင်စီရဲ့ အကြီးဆုံးရေတပ်စခန်းကို AA ပထမဆုံးအကြိမ်စတင်တိုက်ခိုက်

ဇန်နဝါရီလ (၉)ရက်။

မနေ့ကစပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သစ်ပုတ်တောင်ရွာအနီးရှိ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အကြီးဆုံးရေတပ်စခန်းဖြစ်တဲ့ ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာက နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ဓညဝတီရေတပ်စခန်းဟာ အရင်က စစ်တွေမြို့မှာ အခြေစိုက်ခဲ့ပေမယ့် ကျောက်ဖြူက တရုတ်စီမံကိန်းတွေ ပေါ်ပေါက်လာပြီးတဲ့အချိန်မှာ ကျောက်ဖြူမြို့ရှိ သစ်ပုတ်တောင်ဘက်ကို ပြောင်းရွှေ့အခြေစိုက်ခဲ့တာပါ။

သစ်ပုတ်တောင်မှာ အခြေစိုက်တဲ့ ဓညဝတီရေတပ်စခန်းဟာ ကျောက်ဖြူမြို့နဲ့ (၅)မိုင်ခန့်အကွာမှာ တည်ရှိပြီး တရုတ်စီမံကိန်းတည်ရှိတဲ့ မဒေးကျွန်းနဲ့ (၅)မိုင်ခန့်အကွာမှာ တည်ရှိတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

(၂၀၂၃)ခုနှစ် ဒီဇင်ဘာ (၂၂)ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ ဓညဝတီရေတပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ကိုပို့မယ့် (၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 6 Views
ဇွန်လ (၁၃)ရက်။ ရခိုင်ကိုပို့မယ့် (၈)ဒသမ(၁၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်းကျော်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ သံတွဲမြို့က နေရာ (၃)ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂)နှစ်အရွယ်အပါအဝင် စစ်ရှောင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 25 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ
၁၁၁၃ ရခိုင်စစ်ပွဲ

မင်းပြားမှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိထားတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 20 Views
ဇွန်လ (၆)ရက်။ မင်းပြားမြို့ ဖားပြိုရွာမှာ (၉)နှစ်အရွယ်ရှိ မအိအိဆန်းကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယတရားခံ (၈)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအမှုဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းမှာ (ပ)၆၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 68 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
၁၁၁၃ ရခိုင်စစ်ပွဲ

အပစ်ရပ်ကာလကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 63 Views
မေလ (၁၅)ရက်။ အပစ်ရပ်ကာလ ထပ်တိုးထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချတယ်လို့ AA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ငလျင်ဒဏ် အပြင်းအထန်ခံစားနေရတဲ့ ပြည်သူတွေအတွက် လူသားစာနာမှုအကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ AA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 83 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 110 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို