နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၇)ဦးသေဆုံးကာ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်

မတ်လ (၉)ရက်။

‌မတ်လ (၄)ရက်ကနေ (၆)ရက်နေ့အထိ မူးမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးအပါအ၀င် ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့ကာ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ မူးမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး (၃၆)လုံးအပါအ၀င် ဒရုန်းနဲ့ (၁)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ် (၇)လုံးနဲ့ စာသင်ကျောင်း(၁)ကြောင်း ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူ (၁၁)ဦးကိုလဲ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကွင်းချောင်း၀ကနေ ဟောင်၀စ်ဇာအပါအ၀င် လက်နက်ကြီး (၂၃)လုံးထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရေလဲရွာအနီးအပါအ၀င် နှောင်းကုန်းရွာ၊ မရမ်းစိန်ကြီးနဲ့ မရေးစိန်လေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့သူကို KNU ရဲ့ မုန်းမြို့နယ် ကျန်းမာရေးဌာနလက်အောက်ရှိ ကျန်းမာရေး၀န်ထမ်းတွေက ဆေးကုသပေးနေပြီး မရမ်းစိန်ကြီးရွာက ပြည်သူတွေဟာ ရွာထဲ ဆက်မနေရဲတာကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်တွေဟာ နတ်သံကွင်းကနေ ဒရုန်းနဲ့ သပြေကုန်းရွာကို ပစ်ချခဲ့တာကြောင့် တစ်ဦးဒဏ်ရာရရှိခဲ့သလို ခမရ(၄၃၉)ကလဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဘုရားလဟာရွာထဲ ကျရောက်ပေါက်ကွဲကာ အသက် (၈)နှစ်အရွယ်အပါအ၀င် (၄)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအခါ စစ်ကောင်စီရဲ့ တနင်္သာရီအခြေစိုက် ခမရ(၅၈၂)အပါအ၀င် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ မူးမြို့နယ်ထဲလစစ်ကြောင်းထိုး၀င်ရောက်နေပြီး နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာ (၁၈)ရွာရှိ အိမ်ခြေ(၁၉၈၅)အိမ်က လူဦးရေ (၁၀၉၆၄)ဦး ထွက်ပြေးနေရတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲ၀င်ပြီး ထိုးစစ်ဆင်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာအပါအ၀င် လက်နက်ကြီးတွေနဲ့ ပစ်တာတွေ စဉ်ဆက်မပြတ် ပြုလုပ်နေကာ သီးနှံရိတ်သိမ်းတဲ့ကာလမှာ ထွက်ပြေးနေရတာကြောင့် စား၀တ်နေရေးအကြပ်အတည်းအပြင် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 32 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်
မြန်မာသတင်း

ကျောင်းသားတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ကျနော်တို့ SRF နဲ့ NUG/MOD ရဲ့ ခရိုင်ကွပ်ကဲရေးမှူးနဲ့အဖွဲ့တွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
မြန်မာသတင်း

စစ်ကိုင်းမှာ ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 46 Views
ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က မန္တလေး-မုံရွာ-ရွှေဘိုလမ်းမှာ ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်းလေး-မုံရွာ-ရွှေဘိုလမ်းနဲ့ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းဆုံက တင်းတိပ်ဆီဆိုင်ကွေ့မှာ ပေါ်တာဆွဲ ဖမ်းဆီးဖို့လာတဲ့ စခတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ
မြန်မာသတင်း

KNDF နဲ့ အင်းလေးPDF အပါအဝင် PDF (၂၄)ဦး အလင်းဝင်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 37 Views
အင်းလေးPDF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်ဆိုတာ သတင်းအမှားလို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ KNDF နဲ့ အင်းလေးPDF အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၄)ဦး ဥပဘောင်ထဲ ဝင်ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့
မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 40 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့