မေလ (၉)ရက်။
မေလ (၄)ရက်နေ့က မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာက ပျူစောထီးအမျိုးသမီးခေါင်းဆောင်အပါအဝင် ပျူစောထီးအမျိုးသမီး (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ Area 71 PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ္။
အဲ့ဒီပျူစောထီးအမျိုးသမီးခေါင်းဆောင်အပါအဝင် ပျူစောထီး (၃)ဦးကို Area 71 PDF Monywa အဖွဲ့နဲ့ မုံရွာမြို့နယ် တိုက်နယ်(၁) ပလဖတို့ပူးပေါင်းကာ လက်ရဖမ်းဆီးခဲ့ကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရမိသူတွေဟာ ပျူစောထီးအမျိုးသမီးခေါင်းဆောင် မခိုင်ခင်ဦးအပြင် ပျူစောထီး ချစ်ရဲနိုင်ရဲ့ဇနီး မမိသီးနဲ့ ပျူစောထီး ဌေးညွန့်ဇနီး မအေးမြတ်မွန်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဖမ်းဆီးရမိထားသူတွေကို ပျူစောထီးစစ်တွေဖြစ်ကြပေမယ့် သတ်ဖြတ်တာတွေ မပြုလုပ်ဘဲ တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပျူစောထီးခေါင်းဆောင် ခိုင်ခင်ဦးဟာ သူကိုယ်တိုင် ကျေးရွာမီးရှို့တာတွေမှာ ပါဝင်တာကို ဝန်ခံထားခဲ့ပြီး အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ဖမ်းမိခဲ့တဲ့ ကျန်ပျူစောထီးအမျိုးသမီးနှစ်ဦးရဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လက်နက်ကိုင်ပျူစောထီးတွေဆိုတာကို ဝန်ခံထားတယ်လို့ ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။