နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

1027 Operations

1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂)ရဲ့ (၁၄)ရက်မြောက်မှာ မိုးမိတ်မြို့ရှိ စစ်ကောင်စီစခန်း(၃)ခုကို သိမ်းပိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်

ဇူလိုင်လ (၉)ရက်။

“ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂)ရဲ့ (၁၄)ရက်မြောက်မှာ မိုးမိတ်မြို့ကှိ စစ်ကောင်စီတပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မိုးမိတ်မြို့နယ်ထဲက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနဲ့ လယ်ကြီးစခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က မိုးမိတ်မြို့ထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဇာလီရွာကို လက်နက်ကြီးနဲ့ (၄)ကြိမ် ပစ်ခတ်ခဲ့သလို ကျောက်မဲမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၀၁)တပ်ကနေ ငြိမ်းချမ်းရေးကုန်းကို လက်နက်ကြီး (၄)ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒုံးတပ်(၆၀၆)စခန်းအနီးကိုလဲ စစ်ကောင်စီတပ်က Y-12 နဲ့ (၈)ကြိမ်အပါအ၀င် ဂျက်ဖိုက်တာနဲ့ မြို့ထဲက စာသင်ကျောင်းကို တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် မနေ့က နံနက်(၁၀)နာရီ (၂၀)မိနစ်ကလဲ သီပေါမြို့နယ်ရှိ သီပေါတံတားအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ မိုးကုတ်မြို့ မိုင်တိုင်(၅)နဲ့ အိုက်ဆောင်တောင်အနီး TNLA နဲ့ စစ်ကောင်စီရဲ့ လပခ၊ ခလရ(၈၈၊ ၁၄၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မိုးကုတ်မြို့ မိုင်တိုင်(၅)တိုက်ပွဲကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအနေနဲ့ ဂျက်ဖိုက်တာနဲ့တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 32 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 142 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 34 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 23 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 18 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ