နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

TNLA နဲ့ SSPP/SSA တင်းမာမှုကို FPNCC ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆို

+++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၉) ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တင်းမာမှုတွေ ရှိနေတာကြောင့် အဲ့ဒီအခြေအနေတွေကို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က ကြားဝင်ညှိနှိုင်းပေးဖို့တင်ပြထားတယ်လို့ TNLAက ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်” လို့ ညွှန်ကြားကာ SSPP က ပစ်သတ်တဲ့အတွက် MNDAA မှ ပထမတန်း စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်းမှူး ၂ ဦးနှင့် သီပေါမြိုနယ်မှူး အပါအဝင် TNLA တပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု TNLA က ဇူလိုင်လ (၈) ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် (MNDAA, AA) တိုနဲ့အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ကာ တိုက်ခိုက်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဗဟိုရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဖြစ်စဥ်မှာ ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် TNLA စစ်ဆင်ရေး ကြီးကြပ်တဲ့အဖွဲက ကျောက်မဲမြို၊ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည်ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲတွေရဲ့ ဝိုင်းရံပိတ်ဆိုခြင်းကို ခံခဲ့ရပြီး၊ ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ်ခြင်းခံခဲ့ရတာလို့ ဆိုပါတယ်။

တအာင်းတပ်မတော်ရဲ့ စစ်ဦးစီးမှူးရဲ့ နာမည် ပြောဆိုသံ ကြားရပြီး “..ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်” ဆိုတဲ့ စကားပြောစက်က အမိန့်ပေးပြီးနောက် စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် TNLA ရဲ့ စစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း- စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း(၅၇၇) တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲဝင် (၃) ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ နေ့လယ် ၁ နာရီခွဲ​ခန့်မှာလည်း သီပေါ-ကျင်သီတံတားစခန်းမှ ကျောက်မဲမြိုကို ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေကို ပိုဆောင်တဲ့ TNLA တပ်ဖွဲဝင်တွေရဲ့ ကားက သီပေါမြိုနယ် ကြံခင်း-ရေပူရွာ၊ ဘုန်းကြီးကျောင်းရှေ့ဖြတ်သန်းစဉ် SSPP တပ်ဖွဲဝင်တွေက အုတ်တံတိုင်းအကွယ်မှ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ကားပေါ်ရှိ TNLA သီပေါမြိုနယ်မှူးနဲ့ စစ်သုံပန်းတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ TNLA တပ်ဖွဲဝင်တစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

TNLA အပါအဝင် မြောက်ပိုင်းသုံးဖွဲ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း-၂ နဲ့ မြိုသိမ်းရန် မလုပ်ဆောင်မီ ဇွန်လ ၂၅ ရက် ဆက်လက်လုပ်ဆောင်မယ့် စစ်ဆင်ရေးတွေကို SSPP နှင့် တွဲလုပ်ရန် ညှိနှိုင်းခဲ့ပေမယ့် SSPP ခေါင်းဆောင်တွေက ပါဝင်ရန် မဖြစ်နိုင်သေးဟု တုံပြန်ခဲ့ကြောင်းနဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းပေးစေလိုကြောင်း PSLF/TNLA က “ ဝ” ဦးဆောင်တဲ့ FPNCC (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိင်းရေးကော်မတီ)ကို တိုင်ကြားထားပါတယ်။

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 11 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 10 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 26 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ