ဇူလိုင်လ (၉)ရက်။
ဒီကနေ့ နံနက်(၁)နာရီခန့်က စလင်းမြို့နယ်ရှိ စစ်ကောင်စီရဲစခန်းကို လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စလင်းရဲစခန်းကို စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကာ ရဲစခန်းထဲ တည့်တည့်ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် စလင်းရဲစခန်းက စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေပြည်တော်ဆေးရုံထိ ပို့ထားရတယ်လို့ တပ်တွင်းသတင်းကိုကိုးကားပြီး ဖော်ပြထားပါတယ်။
စလင်းမြို့အနီးတဝိုက်မှာ ပြည်သူလူထုကို စစ်မှုထမ်းဥပဒေ အသုံးပြုပြီး နည်းအမျိုးမျိုးနဲ့ ထိပါးနှောင့်ယှက်နေတဲ့ စလင်းရဲတွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိုက်တာလို့ သိရပါတယ်။

