Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းနဲ့ ရှမ်းမန်းစစ်ဆင်ရေးထဲ စစ်ကိုင်းနဲ့ မန္တလေးက တပ်ရင်းတွေ ပါ၀င်တိုက်ခိုက်နေတယ်လို့ MOD ထုတ်ပြန်

ဇူလိုင်လ (၉)ရက်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းနဲ့ ရှမ်းမန်းစစ်ဆင်ရေးထဲ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ စုဖွဲ့ထားတဲ့ ဗျူဟာတွေနဲ့ တပ်ရင်းတွေ ပါ၀င်တိုက်ခိုက်နေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ဆင်ရေးတွေထဲ ပါ၀င်တိုက်ခိုက်နေတဲ့ ဗျူဟာတွေနဲ့ တပ်ရင်းတွေဟာ ဗျုဟာ (၅၂)၊ ရွှေဘိုခရိုင် တပ်ရင်း (၇/၁၀/၁၆/၁၅/၁၈/၂၃/၂၆)၊ ဗျူဟာ (၅၅)နဲ့ ညောင်ဦးခရိုင် တပ်ရင်း (၃)တို့ဖြစ်တယ်လို့ ဆိုပါတယ်။

MDY-PDF အပါအ၀င် မိုးကုတ်ဗျူဟာတပ်ရင်း(၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပြင်ဦးလွင်ခရိုင် ပကဖ၊တြိုလဲ ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်ပကဖ၊ မတ္တရာမြို့နယ်ပကဖနဲ့ သက်ဆိုင်ရာ ပကဖအဖွဲ့တို့လဲ ပါဝင်တိုက်ခိုက်နေကာ စစ်ရေးအောင်ပွဲတွေ ရရှိနေတယ်လို့ အသိပေးထားပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးနဲ့အတူ မတ္တရာမြို့နယ်ထဲ စစ်ကောင်စီတပ်စခန်း စုစုပေါင်း (၂၅)ခုနဲ့ စဉ့်ကူးမြို့မှာ စစ်ကောင်စီတပ်စခန်း (၁၁)ခုအထိ တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတွေထဲ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ လက်နက်ချအလင်း၀င်တာတွေရှိခဲ့တယ်လို့ သိရပြီး စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 10 Views
ဇူလိုင်လ (၂၂)ရက်။ (၄)နှစ်တာ တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦးကျဆုံးခဲ့တယ်လို့ Chinland Defense Force-Kalay Kabaw Gangaw(CDF-KKG)ရဲ့ မနေ့က
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေကို သန်လျင်မြို့ ဘောသပြေကန်ရွာအနီးမှာ လက်နက်တွေနဲ့အတူ
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 22 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 30 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သုံးဆယ်ရွာကို နေ့လယ် (၃)နာရီ
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ (၁၂)ရက်နေ့က မုံရွာထောင်ကနေ အိုးဘိုထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 34 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ