နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး” ကာလ (၂)လကျော်ထဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား (၂၀၁)ဦး သေဆုံးခဲ့

စက်တင်ဘာလ (၉)ရက်။

“ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး” ကာလ (၂)လကျော်ထဲ စစ်ကောင်စီရဲ့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ (၂၀၁)ဦးအထိ သေဆုံးခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ဘက်နဲ့လုံး၀မသက်ဆိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေ၊ လူနေအိမ်တွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေထဲ အမျိုးသမီးနဲ့ ကလေးငယ် (၁၅)ဦး ပါ၀င်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သား (၂၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်၊ ဈေး၊ စာသင်ကျောင်းနဲ့ အဆောက်အအုံ စုစုပေါင်း (၁၇၂)ခု ထိခိုက်မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

TPCC အနေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ထိခိုက်နစ်နာသူတွေအားလုံးအတွက် ကျန်ရစ်သူမိသားစု၀င်တွေနဲ့အတူ အထူး၀မ်းနည်းကြေကွဲကာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇ၀တ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေတာလို့ ရေးသားထားပါတယ်။

အခုလို စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို နေ့တိုင်း ချိုးဖောက်ကျူးလွန်ကာ မပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာအနေနဲ့ လစ်လျူမရှုဖို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူ‌တာတွေ၊ နိုင်ငံအသီးသီးက လက်နက်ခဲယမ်းတွေနဲ့ လေယာဉ်ဆီရောင်းချတာတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ကူညီတာတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 10 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 26 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 19 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 19 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 36 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်