ဖေဖော်ဝါရီလ (၁၀) ရက်။
ကောလင်းနယ်မြေအတွင်းကို စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ချီတက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁၈) ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုရဲ့ ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုဘက်ကတော့ မြို့ထဲမှာ ရှိနေသေးပြီး ဆက်လက်တိုက်နေသေးတယ်လို့ ပြောပါတယ်။ NUG ဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။