ဇူလိုင်လ (၁၀)ရက်။
မနေ့က နေ့လယ်(၃)နာရီခွဲအချိန်မှာ ရေစကြိုမြို့ထဲရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်-ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကနေ ရိက္ခာပို့ပြီးပြန်လာချိန် ရေစကြိုမြို့ထဲရောက်လာတာကြောင့် သံပုံအနောက်ရွာနဲ့ ရွာထောင်ရွာကြားမှာ ဒရုန်းနဲ့ ဗုံးကြဲပြီး ၆၀မမတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒရုန်းအပါအ၀င် ၆၀၀မမတွေနဲ့ တိုက်ခိုက်ခဲ့ကာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တာဟာ မိနစ်(၃၀)ခန့်ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က (၂)ဦး ထိမှန်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘဲ နောက်ကနေ လိုက်လံရှင်းလင်းခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ ၆၀မမ အဖူးတစ်ဖူး၊ ၅.၅၆ မမကျည် (၂၀၆)တောင့်၊ MA ကျည်အိမ်(၂)ခု၊ ဖုန်း(၂)လုံးနဲ့ (၁၂၅၀၀၀)ကျပ် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ အဲ့ဒီတိုက်ခိုက်တာကို ရေစကြိုမြို့နယ်-ပကဖနဲ့အတူ ပခုက္ကူခရိုင်အမှတ်(၉)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။